Thursday, February 25, 2016






ZIKA Virus အကြောင်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် အသိပညာပေးရှင်းလင်း

ငဖဲ     ဖေဖော်ဝါရီ      ၂၄
         

 မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ZIKA Virus အကြောင်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာအောင်ကျော်နိုင်က  ဇီကာရောဂါအကြောင်း သိကောင်းစ ရာများ ရောဂါကူးစက်ပုံနှင့် ရောဂါလက္ခဏာများ၊ ဇီကာရောဂါကူးစက်ဖြစ်ပွားမှုမရှိအောင် ကြိုတင် ကာကွယ်နေထိုင်ကြရန် ဆွေးနွေးပြောကြားကာ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ မြို့နယ်ငှက်ဖျား အင်စပက်တော်ဦးအောင်နိုင်ဦးက ခြင်နှင့်ပတ်သက်သောရောဂါအကြောင်းနှင့်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို Power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
          ထို့နောက် ငဖဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအဆင့်အထိ ဇီကာရောဂါကြိုတင် ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video