ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအုပ်စု၊
ချောင်းဆုံကျေးရွာအုပ်စုနှင့် ဆင်လူးကျေးရွာအုပ်စု အတွင်းရှိ ရေပုတ်ကြီးကျေးရွာ၊လက်ယက်ကျေးရွာ၊ဆင်လူးကျေးရွာ
များတွင် ယခင်နှစ်များက နွေရာသီ သောက်သုံးရေ
ရှားပါးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ရေရှားပါးပြတ်လတ်မှုမရှိစေရေးအတွက် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး
ဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ
ဥက္ကဌ ဦးပါ တို့မှဦးဆောင်ကာ ကျေးရွာများရှိ စက်ရေတွင်းများနှင့်ရေတွင်းရေကန်များတွင်
သောက်သုံးရေ ပြတ်လတ်မှုမရှိစေရေး လက်ရှိရေသုံးစွဲမှု၊ ရေလက်ကျန်အခြေအနေများအား ကွင်းဆင်း
စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထို့ပြင်
အဆိုပါ ကျေးရွာများရှိ ပူးပေါင်းဆောင်ရွက်မည့် ကျေးရွာကော်မတီ၊ လူမှုအဖွဲ့ အစည်းများနှင့်တွေ့ဆုံကာ
အခက်အခဲကြုံတွေ့ပါက ဆက်သွယ်ဆောင်ရွက်မည့် တယ်လီဖုန်း နံပါတ်များပေးအပ်ထားရှိပြီး ဆောင်ရွက်မည့်အစီအစဉ်များအား
ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment