ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး
ဒုတိယနေ့ ကျင်းပပြုလုပ်
မကွေး ဖေဖော်ဝါရီ ၂၅
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်
ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၅.၂.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်
လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
(၆၈)ဦးရှိသည့်အနက် (၆၈)ဦးတက်ရောက်၍ (၁၀၀) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့်
စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက်
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်ဦးရေ (၉)ဦးဖြင့် ဖွဲ့စည်းပြီး
၎င်းတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို မကွေးတိုင်းဒေသကြီး
လွှတ်တော်ဒုတိယဥက္ကဋ္ဌက တင်ပြပြီး ယင်းကော်မတီနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်
ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက်(သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍
၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း
လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
၎င်းနောက်
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဖွဲ့စည်းမည့် အဖွဲ့ဝင် များ၏အမည်စာရင်းကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တင်ပြပြီး ယင်းအမည်စာရင်း
နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက် (သောကြာနေ့)
လွှတ်တော် တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပါ၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း
လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်ပြီး
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ဖွဲ့စည်းတာဝန် ပေးအပ်မည့်
ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တင်ပြရာ ကော်မတီဥက္ကဋ္ဌအဖြစ် မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ
ဦးဇော်မျိုးဝင်းနှင့် အတွင်းရေးမှူး အဖြစ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်တို့ဖြစ်ကြောင်းတင်ပြပြီး
ယင်းအမည်စာရင်း နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆
ရက်(သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း
လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
သည်။
ထို့နောက်
မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်ဦးရေ(၉)ဦးဖြင့်
ဖွဲ့စည်းပြီး ၎င်းတို့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို မင်းဘူး
မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က တင်သွင်းပြီး
ယင်းကော်မတီနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆
ရက် (သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့
ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း
လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
၎င်းနောက်
မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဖွဲ့စည်းမည့်
အဖွဲ့ဝင်များ၏အမည်စာရင်းကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက
တင်ပြပြီး ယင်း အမည်စာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက
၂၆.၂.၂၀၁၆ ရက် (သောကြာနေ့) လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆
ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း
လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍
မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ တွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့်
ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တင်ပြရာ
ကော်မတီဥက္ကဋ္ဌအဖြစ် ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးမြင့်ဇော် နှင့် အတွင်းရေးမှူးအဖြစ်
အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးကျော်တို့ဖြစ်ကြောင်း တင်ပြပြီး ယင်းအမည်စာရင်းနှင့်
စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၆.၂.၂၀၁၆ ရက်(သောကြာနေ့)
လွှတ်တော်တတိယနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်၍ ၂၅.၂.၂၀၁၆ ရက်နေ့ ရုံးချိန်အတွင်း
လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၀း၃၀)
အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေး ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆
ရက် (သောကြာနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာ၍
အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment