Wednesday, February 24, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်
 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်၌ သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ မြသလွန်ဘုရား လမ်း၊ ဖောင်တော်ဦးဘုရားအနီး လမ်းဘေးပလက်ဖောင်းပေါ်တွင် ဖဲလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မကွေးမြို့နယ်၊ သရက်ပင် ကွက် ကျေးရွာနေသူ မျိုးမင်းသူ (၂၃)နှစ် နှင့် တစ်ရွာ တည်းနေ အောင်ဇော်လင်း (၃၇)နှစ် ၊ မြတ်မိုးခိုင် (၃၇)နှစ်၊ အောင်ဇော် (၃၆)နှစ်နှင့် အောင်ပြည့်နိုင် (၂၂)နှစ် တို့(၅)ဦး အား ဖဲရိုက် လောင်းကစား ပစ္စည်းများနှင့် လောင်းကြေးငွေ (၇၃၁၀၀ိ/-) တို့နှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ဖဲရိုက် လောင်းကစား ပြုလုပ်သူ မျိုးမင်းသူပါ (၅)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၂/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၂(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video