၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်း ၀ရမ်းအမှတ် (၈/၂၀၁၆)ဖြင့် မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်နေသူ မမျိုး(ခ) မစန္ဒာမျိုးကျော် (၄၄)နှစ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများ နှင့်လောင်းကြေးငွေ (၃၉၀၀၀ိ/-) နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံးထီ လောင်း ကစားပြုလုပ်သူ မမျိုး(ခ) မစန္ဒာမျိုးကျော် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၁/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များ၊ သစ်ရာကောက် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ် ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၉/၂၀၁၆)ဖြင့် မကွေးမြို့နယ်၊ ယင်းသာစည်ကျေးရွာနေသူ မခင်မာရီ (၄၂)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်နှင့် အပေါ်ထပ်တို့မှ နှစ်လုံး/သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများနှင့် လောင်းကြေးငွေ (၆၆၀၀ိ/-)တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံး/သုံးလုံး ထီ လောင်းကစားပြုလုပ်သူ မခင်မာရီအား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း (ပ)၁၁/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment