Wednesday, February 24, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နေသူ မxxxx(၁၇)နှစ် သည် ရွာ၏တောင်ဘက် (၂)မိုင်ခန့် အကွာရှိ သနပ်ခါးခြံတွင် နေထိုင်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် (၉)နာရီအချိန်ခန့် ၌ တောထဲတွင် ၎င်းတစ်ဦးတည်း နွားကျောင်းနေစဉ် တစ်ရွာတည်းနေ မောင်xxxxx(ပျို) (၂၁)နှစ် ရောက်ရှိလာပြီး မxxxx၏ လက်အား ဆွဲကာ ပါးစပ်ပိတ်ပွေ့ချီသွားပြီး အော်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ယာခင်းအစပ်တွင် ရင်သားများအား ကိုင်တွယ်ပြီး ထမီအားဆွဲချွတ်ကာ အလိုမတူဘဲ သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မxxxx၏ အစ်ကိုဖြစ်သူ ရောက်ရှိလာ၍ မောင်xxxxမှာ ထွက်ပြေးသွားခဲ့ကြောင်း မိခင်ဖြစ်သူ အား ပြောပြခဲ့ကာ ဆွေမျိုးများနှင့် တိုင်ပင်ပြီး အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့သူ မောင်xxxx(၂၁)အား အရေးယူပေးရန် ၂၃.၂.၂၀၁၆ ရက်နေ့ တွင် မxxxxမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်း (ပ)၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၃၅၄/ ၅၀၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video