၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာအနီး တောင်တွင်းကြီး- မကွေး ကားလမ်း မိုင်တိုင် အမှတ် ၂၈၁/၁ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်း အတိုင်း တောင်တွင်းကြီး ဘက်မှ မကွေးဘက်သို့ တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁)ရပ်ကွက်နေသူ ယာဉ်မောင်း အောင်ကျော်လင်း (၃၀)နှစ် မောင်းနှင်သော 6D/xxxx YUTOANG အမျိုးအစား ယာဉ်သည် ခရီးသည် (၁၅)ဦးအား တင်ဆောင် မောင်းနှင်လာစဉ် ၄င်းလမ်း အတိုင်း မကွေးဘက်မှ တောင်တွင်းကြီး ဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ပန်းတောကျေးရွာ နေသူ ယာဉ်မောင်း အောင်စိုးမိုး (၄၆)နှစ် မောင်းနှင် လာသော 5F/xxxx TOYOTA MARUX ယာဉ်တို့သည် အရှိန် မထိန်းနိုင်ဘဲ လမ်းအလယ်တွင် မျက်နှာ ချင်းဆိုင် တိုက်မိရာ ယာဉ်မောင်း အောင်စိုးမိုးတွင် ဒဏ်ရာ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်း နှင်သူ အောင်ကျော်လင်းနှင့် အောင်စိုးမိုးတို့ နှစ်ဦးအား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment