Saturday, February 20, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန် ကိုးပင်-သာဂရ ရိုးမပတ်လမ်း မိုင်တိုင် အမှတ် (၆၀/၂)နှင့် (၆၀/၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ် အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ကိုးပင်-သာဂရလမ်းအတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ ဘန်းကုန်းကျေးရွာဘက်မှ တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွားကျေးရွာ ဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ပိုးစားခင်းကျေးရွာနေသူ ယာဉ်မောင်း မိုးကြည် (၄၂)နှစ် မောင်းနှင်သည့် ၉ဌ/xxxxx ဖောကား အပြာရောင် ယာဉ်သည် ထင်းခုတ် လုပ်သား (၄)ဦးနှင့် ထင်းများ တင်ဆောင် မောင်းနှင်လာစဉ် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ၀ဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း မိုးကြည် နှင့် ယာဉ်ပေါ်လိုက်ပါ လာသော တောင်တွင်းကြီးမြို့နယ်၊ ပိုးစားခင်း ကျေးရွာနေသူ သန်းထိုက် (၃၀)နှစ် အပါအ၀င် ထင်းခုတ် လုပ်သား ကျား(၄)ဦး၊ ပေါင်း (၅)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ မိုးကြည်အား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်း ယာဉ်(ပ) ၁/၂၀၁၆၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video