၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော် ဘုရားလုံခြုံရေး ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်ခန့် ပွဲတော်အတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် ရွှေစက်တော်ဘုရား အ၀င်လမ်း လှေတင်တံတား အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ မင်းဘူး-ရွှေစက်တော်လမ်းအတိုင်း မင်းဘူးမြို့နယ်၊ ပဒေါင်းကျေးရွာ ဘက်မှ ဘုရားကျေးရွာ ဘက်သို့ ဘုရားကျေးရွာနေသူ ယာဉ်မောင်း ဦးစောသာ (၅၀)နှစ် မောင်းနှင်သော 8L/xxxx LITE TRUCK အဖြူရောင် ယာဉ်သည် ပဒေါင်းကျေးရွာ အမကတွင် စတုတ္ထတန်း စာမေးပွဲ ဖြေဆိုရာမှ ခဲ့သည့် ဘုရားကျေးရွာ အမကကျောင်းမှ ကျောင်းသူ/သားများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၁၉)ဦးအား တင်ဆောင်၍ ဘုရားကျေးရွာသို့ ပြန်လာစဉ် ယာဉ်ရှေ့ ၀ဲဘက်ဘီးပေါက်၍ လမ်း၏ ၀ဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ (၁၉)ဦးအနက် ဘုရားကျေးရွာနေ မဌေးမာငြိမ်း (၁၁)နှစ် အပါအ၀င် ကျား(၁)ဦး၊ မ(၅)ဦးတို့ ဒဏ်ရာများရရှိခဲ့၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးစောသာအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း ယာဉ်(ပ) ၈/ ၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment