Friday, February 19, 2016





မကွေး ဖေဖော်ဝါရီ ၁၉
လပွတ္တာမြို့နှင့်နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်စန်းစန်းမြင့်နှင့်အဖွဲ့ သည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊တိုင်းဒေသ ကြီးဦးစီးမှူးရုံးသို့သွား ရောက်ကာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ် (၁၃၁၀၀၀၀/ိ-)နှင့် တိုင်းဒေ သကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လှူဒါန်းငွေကျပ် (၁၃၁၀၀၀၀/ိ-) စုစုပေါင်း ငွေကျပ်(၂၆၂၀၀၀၀/ိ-)အား တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိုးထံ ပေးအပ်လှူဒါန်း ခဲ့ကြောင်းနှင့် အဆိုပါ လှူဒါန်းငွေအား မြန်မာ့စီးပွားရေးဘဏ်၊နေပြည်တော် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေစာရင်းသို့ ချက်ချင်းလွှဲပြောင်းပေး ပို့ခဲ့ကြောင်း သိရှိရသည် ။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video