Thursday, February 18, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် (၁၁)နာရီ (၄၅)အချိန် မကွေးမြို့၊ မြို့ဟောင်း အမှတ်(၃) ရပ်ကွက်နေ ဦးလှမြင့် (၅၄)နှစ်၏ နေအိမ်တွင် ဦးလှမြင့်၏ မိတ်ဆွေဖြစ်သူ မကွေးမြို့၊ မြို့ဟောင်း အမှတ်(၁) ရပ်ကွက်နေသူ မဇင်မာ (၃၂)နှစ် သည် နှစ်လုံးထီ/သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၂/၂၀၁၆)ဖြင့် ၀င်ရောက်ရှာဖွေရာ အိမ်ရှင် ဦးလှမြင့်အား နေအိမ် အောက်ထပ် တွင် နှစ်လုံးထီ လောင်းကစား ပြု လုပ်နေသူ မဇင်မာနှင့်အတူ တွေ့ရှိရပြီး နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြု သော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေ (၄၆၉၀၀၀ိ/-)အား သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံး/ သုံးလုံးထီ လောင်း ကစား ပြုလုပ်သူ ဦးလှမြင့် နှင့် မဇင်မာ တို့(၂)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၁/၂၀၁၆၊ လောင်း ကစား ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video