Thursday, February 18, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့် ပွင့်ဖြူမြို့နယ်၊ မကျီးရုံကျေးရွာအနီး၊ ပွင့်ဖြူ-စလင်း ကားလမ်း မိုင်တိုင်အမှတ် (၂၈/၀)နှင့် (၂၈/၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း စလင်းဘက်မှ ပွင့်ဖြူဘက်သို့ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာနေသူ ယာဉ်မောင်း ဝေလင်းမောင် (၂၄)နှစ် မောင်းနှင်ပြီး ယာဉ် ရှေ့ခန်းတွင် တစ်ရွာတည်းနေ သန့်ဇင်အောင် အလယ်မှစီး၍ ယာဘက်ခြမ်းတွင် တစ်ရွာတည်းနေ မြတ်မင်းစိုး (၂၃)နှစ် လိုက်ပါလာသော ယာဉ်အမှတ် ၉ဌ/xxxxx၊ ဘီဂျင်း C 100 T237 အမျိုးအစား အစိမ်းရောင် ထော်လာဂျီယာဉ်မှာ မျက်နှာချင်းဆိုင်မှ မော်တော်ယာဉ် တစ်စီးအား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ကင်ပွန်းခါးပင်နှင့် ပွတ်တိုက်မိရာ ယာဘက်မှ လိုက်ပါစီးနင်း လာသည့် မြတ်မင်းစိုး၏ ယာဘက်လက်မှာ သစ်ပင်နှင့် ယာဉ်ဘော်ဒီကြား ညပ်၍ ယာလက်ဖျံ ပြတ်တောက်ဒဏ်ရာ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဝေလင်းမောင်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video