၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည် (၁)နာရီခွဲ အချိန်ခန့် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ ကျေးရွာအနီး ကလေး-ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၃၉/၇ နှင့် ၃၉/၈ အကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ကလေး-ဂန့်ဂေါ ကားလမ်း အတိုင်း ဂန့်ဂေါဘက်မှ ကလေးဘက်သို့ ကလေးမြို့နယ်၊ အင်တိုင်းကုန်း ကျေးရွာနေသူ ယာဉ်မောင်း ဦးမာဗုံငါ (၃၈)နှစ် မောင်းနှင်သော YGN-1H/xxxx PARDO အဖြူရောင် ယာဉ်သည် ၀ဲဘက်နောက် ဘီး ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ၀ဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် (၆)ဦး အနက် ဦးမာဗုံငါ နှင့် တစ်ရွာတည်းနေ ဦးငိုးရှားမား (၄၈)နှစ် တို့ ၂ ဦး တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးမာဗုံငါအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:
Post a Comment