၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဘိန်းပင်များ စိုက်ပျိုးထား ရှိကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်၍ တောနင်းရှာဖွေရာ ညနေ (၄)နာရီ (၂၅)မိနစ် အချိန်ခန့်၌ ငဖဲမြို့နယ်၊ ပဘွေ့ကျေးရွာ အုပ်စု၊ ဆွီဟင်ကျေးရွာ တောင်ဘက် (၈)မိုင်ခန့် အကွာ၊ သရက် ခရိုင်၊ မင်းလှမြို့နယ်၊ ဇင်ဂေါင် ကျေးရွာ၏ အနောက်ဘက် (၄)မိုင်ခန့် အကွာတွင် ဘိန်းပင် အမြင့် (၄)လက်မမှ (၄)ပေထိ အသီး အပွင့်ခြစ်ဆဲ ဘိန်းစိုက်ခင်း (၃)ဧက ခန့်အား တွေ့ရှိရ သဖြင့် ၀ိုင်းဝန်း ဖျက်ဆီး ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။



0 comments:
Post a Comment