Wednesday, February 17, 2016



ဂန့်ဂေါ ဖေဖော်ဝါရီ ၁၆
နွေရာသီရေပြတ်တောက်မှုမဖြစ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ အပူကြောင့်ဖြစ်ပေါ်တတ်သော ရောဂါများအကြောင်း ရှင်းလင်းဟောပြောပွဲနှင့် မြို့နယ်တွင်း စည်းရုံးရေးလုပ်ငန်း စွမ်းဆောင်ရည်ဆုများ ချီးမြှင့် ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နံနက်က ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ပြုလုပ် ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဟောပြောကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော် မတီ ဥက္ကဌ ဦးနိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသောင်းမြို့ တို့က စည်းရုံးရေးလုပ်ငန်းများ တွင် ထူးချွန်စွာဆောင်ရွက်နိုင်သူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ် သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video