Wednesday, February 17, 2016



 အောင်လံ ဖေဖေါ်ဝါရီ ၁၆
အောင်လံမြို့ ရွာထောင်ရပ်ကွက် အ.ထ.က(၃) ကျောင်းခန်းမတွင် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်က (၁၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည် ။ ၎င်းပူဇော်ပွဲသို့ ကန်တော့ခံ ဆရာ ဆရာမ(၆၉)ဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဆွေ ၊ ရွာထောင် အ.ထ.က(၃)
ကျောင်းအုပ်ဆရာကြီး ဦးဝင်းဗိုလ်နှင့် ဆရာဆရာမများ ပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များနှင့် ကျောင်းသား ကျောင်းသူဟောင်းများ တက်ရောက်ကြသည် ။
ပူဇော်ပွဲ အခမ်းအနားတွင် ဦးစီးကော်မတီဝင်ကျောင်းသား ကျောင်းသူဟောင်းများဖြစ်ကြသော ဦးလှမျိုး ၊ ဦးစန်းမင်း ၊ ဦးဇာနည်တို့မှ ပူဇော်ပွဲဖြစ်မြောက်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်မှု ဆင့်ဆင့်နှင့် ရှေ့လုပ်ငန်းစဉ်များကို
အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြပြီး ကန်တော့ခံ ဆရာ ဆရာမကြီး (၆၉)ဦး အနက်မှ အသက်(၇၀)အထက် ဆရာ ဆရာမကြီးများအား ငွေကျပ် တစ်သိန်းစီနှင့် အသက်(၇၀)အောက် ဆရာကြီးဆရာမကြီးများအား ငွေကျပ် ခုနှစ်သောင်းစီ ပူဇော် ကန်တော့ကြရာ ကန်တော့ခံ ဆရာကြီး ဦးတင်ထွဋ်နှင့် ဆရာမကြီး ဒေါ်ချစ်ချစ်သန်းတို့မှ ဆုတောင်းမေတ္တာစကားနှင် ဆုံးမသြ၀ါဒစကားများပြန်လည်ချီးမြှင့်ခဲ့ကြကြောင်း သိရသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video