Wednesday, February 17, 2016
3:37 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကံမ ဇန်န၀ါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခမ်းမ၌ ဇန်န၀ါရီ ၁၇ ရက် နံနက် ၉ နာရီက ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တာဝန်
ထမ်းဆောင်ခဲ့ကြသောမဲရုံအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့က ရွေးကောက်ပွဲ
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ အား
ကျေးဇူးတင်စကားများပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment