ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မောချောင်းရေကို လယ်မြေ များဆီသို့ ရေမြောင်းဖောက်လုပ် ရေသွယ်၍လည်းကောင်း ၊ စက်ဖြင့်တင်၍လည်းကောင်း နွေစပါးစိုက်ပျိုးရန် ထွန်ယက်လျှက်ရှိရာ ယခင်နှစ်များက ကျွဲ၊ နွားများအသုံးပြုထွန်ယက်ကြသော်လည်း ယခုနှစ်တွင် စက်များဖြင့် မြေပြင်ထွန်ယက်ကြသည်ကိုတွေ့ရသည်။
ထိုသို့စိုက်ပျိုးကြရာတွင် အထူးအထွက်ကောင်းစပါးမျိုးများဖြစ်သည့် ဆင်းသုခ၊ ဗီယက်နမ်ပုလဲသွယ် စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြမည်ဖြစ်ကြောင်းနှင့် အဆိုပါ အထွက်ကောင်းစပါးမျိုးများ စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများထံ မျိုးစပါးများ ဖြန့်ဖြူးထားကြောင်း သိရသည်။


0 comments:
Post a Comment