ထီးလင်း ဖေဖော်ဝါရီ ၁၇
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ရှိ နွေစပါးစိုက်ပျိုးမည့်လယ်မြေများတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်လျှက် ရေသွင်းခြင်း၊ မြေပြင်ခြင်း၊ ထွန်ယက်ခြင်းတို့ ဆောင်ရွက်နေကြပြီဖြစ်ရာ မြောင်းရေနှင့်အတူ လိုက်ပါလာ၍ လယ်ကွင်းများ၌ ခိုအောင်းးသည့်ငါးရှဥ့်များကို အဆိုပါလယ်မြေများတွင် ဖမ်းယူရရှိနိုင်ကြောင်း နှင့် အဆိုပါငါးရှဥ့်ဖမ်းယူသူများ တွက်ခြေကိုက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါလယ်မြေများတွင် ဒေသခံတို့က ငါးရှဥ့်ဖမ်းယူမှုနည်းသော်လည်း မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ငါးရှဥ့်ဖမ်းသူများ ရောက်ရှိလာက လယ်ကွင်းဘေး ဇရပ်များ၊ တဲများတွင် စခန်းချနားနေကြ လျှက် နေ့ပိုင်းတွင်အိပ်၍ ညပိုင်းတွင် လယ်ကွင်းများသို့ဆင်းပြီး ထောင်ချောက်များဖြင့် ငါးရှဉ့်ကိုဖမ်းယူကြသည် ဟု သိရသည်။ ငါးရှဉ့်ဖမ်းသူများမှာ တစ်ညလျှင် တစ်ပိဿာဝန်းကျင်ရရှိကြကာ စုဆောင်းထားပြီး ပခုက္ကူ၊ မင်းဘူးမြို့များရှိ အဝယ်ဒိုင်များသို့ပို့၍ ရောင်းချရာ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ ရရှိသဖြင့် တွက်ချေကိုက် လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။


0 comments:
Post a Comment