Monday, February 15, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည (၁၀)နာရီခွဲအချိန်ခန့် မင်းဘူးမြို့၊ စည်ပင်ဈေးကြီး အရှေ့ဘက် ဈေးပတ်လမ်းမပေါ်တွင် မသင်္ကာဖွယ် လူတစ်ဦးအား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိထားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မကွေးမြို့၊ မြင်ကွန်းကျေးရွာနေ သန့်ဇင်ထွန်း (၂၇)နှစ် ဖြစ်ပြီး ၎င်းင်းသည် အရက်မူးနေပြီး ၂၃ယ/၂၆၉၂၄ လော့ဂျာ ၁၁၀ အနက်ရောင် ဆိုင်ကယ်အား သော့မပါဘဲ ဆော့ကက်ဖြုတ်၍ တွန်းသွားနေသည်ကို တွေ့ရှိရပြီး အဆိုပါ ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင် ကြောင်း အထောက်အထား တစ်စုံတစ်ရာပြောဆို ပြသနိုင်ခြင်းမရှိသဖြင့် နေအိမ် အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် သန့်ဇင်ထွန်းအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၂၀/၂၀၁၆၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video