Monday, February 15, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့် မင်းဘူးမြို့နယ်၊ ဆင်ခေါင်းကျေးရွာ အနောက် ဘက်၊ မင်းဘူး-ပဒါန်း ကားလမ်း မိုင်တိုင်အမှတ် ၈/၄ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်း သတင်အးရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း မင်းဘူးဘက်မှ ရွှေစက်တော်ဘက်သို့ မကွေးမြို့၊ ရွာသစ်ပွဲကြို ရပ်ကွက်နေသူ ဝေဠုနိုင် (၁၈)နှစ် မောင်းနှင်ပြီး နောက်မှ စည်သူ လိုက်ပါ လာသော ၄၃ယ/xxxx ရင်ဇင်း ၁၁၀ အပြာရောင် ဆိုင်ကယ်သည် အရှိန်ပြင်း မောင်းနှင်လာစဉ် လားရာတူ လမ်းအတိုင်း လမ်းလျှောက်နေသူ ဆင်ခေါင်းကျေးရွာနေ ဒေါ်ရီမြင့် (၆၁)နှစ် အား နောက်မှ ၀င်ရောက် တိုက်မိပြီး ဒေါ်ရီမြင့်မှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့၍ ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ ဝေဠုနိုင် အား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း ယာဉ်(ပ)၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video