မင်းဘူး ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ
မန်းရွှေစက်တော်၊ပါဒစေတီနှစ်ဆူ၊ အ၀င်လမ်း မင်္ဂလာမုခ်ဦးတော်နှင့် အံ့ချီးဂုဏ်ဝါနမ္မဒါ
ဗုဒ္ဓသာသနာ့ မဟာဗိမာန်တော် ဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းက
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်တွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေဦးစွာ
နံနက်(၇)နာရီက (၃)မိုင်လမ်းအ၀င်လမ်းရှိ မင်္ဂလာမုင်္ခဦးရှေ့တွင် မင်္ဂလာမုခ်ဦးတော်ဖွင့်ပွဲအခမ်းအနားအားကျင်းပရာ
ရေနံ့သာအရှင်ဃောသိတရေးဖွဲ့သည့် အခါတော်ကြား ဧကပိုဒ် အလင်္ကာကို မန်းယဉ်ကျေးမှု တက္ကသိုလ်
အနုပညာရှင် မောင်နှမများမှ သီဆိုပူဇော်ပြီး၊မကွေးတိုင်း ဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး
သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးများမှ မင်္ဂလာမုခ်ဦးတော်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက်
နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးမှ မင်္ဂလာမုခ်ဦး ထက်၌ ကိန်းဝပ်စံပါယ်တော်မှုသော
ပါဒစေတီတော်ရာနှစ်ဆူကို စက်ခလုပ်နှိပ်၍ ပူဇော်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မန်းရွှေစက်တော်ရာပါဒစေတီတော်
ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားအား နံနက်(၀၇း၃၀)နာရီတွင် ရွှေစင် ရွှေသား စက်လက္ခဏာ
ပါဒစေတီတော်ကို အထက်စက်တော်ရာအတက်လမ်း ဆုံမှစ၍ မင်္ဂလာမုခ်ဦးရှေ့သို့ ပင်ဆောင်ပြီး မကွေးတိုင်းဒေသကြီးနှင့်
ရန်ကိုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးများမှ (၂၅၈၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ
မဟာမင်္ဂလာပူဇာသဘင် မုခ်ဦးတော်ကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့
ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက ဗုဒ္ဓပူဇနိယ ပွဲတော် မင်္ဂလာမုခ်ဦး ဆိုင်းဘုတ် အား စက်ခလုပ်နှိပ်၍
ဖွင့်လှစ်ပေးတော်မူသည်။
၎င်းနောက် မန်းရွှေစက်တော် အောက်ခြေတော်ရာ
ပါဒစေတီ အလင်းပေါက် ဖန်အုပ်ဆောင်းတော် ဖွင့်လှစ်၍ အနေကဇာတင်ပူဇော်ခြင်းအခမ်းအနားအား
နံနက်(၈)နာရီက အောက်စက်တော်ရာ တန်ဆောင်တော်၌ ကျင်းပခဲ့သည်။အခမ်းအနားတွင် နိုင်ငံတော်သံဃနာယကအဖွဲ့
ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးအမှူးပြုသော ဆရာတော်ကြီး(၅)ပါးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေတို့မှ အလင်းပေါက် ဖန်အုပ်ဆောင်းတော်ကြီးကို
စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ မန်းစက်တော်ရာ
အောက်ခြေတော်ရာ ပါဒစေတီတော်မြတ်ကို ဗုဒ္ဓါဘိသေက အနေကဇာတင် ဆင်ယင်တော်မူသည်။
ထို့နောက် အထက်စက်တော်ရာ ပါဒစေတီ
ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကို နံနက်(၀၈း၃၀)နာရီတွင် ဆက်လက်ကျင်းပတော်မူရာ
ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးအမှူးပြုသော သံဃာတော်များနှင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်တို့မှ အထက်စက်တော်ရာ ပါဒစေတီတော်မြတ်ကို ဖွင့်လှစ်ပြီး
သံဃာတော်များမှ ဗုဒ္ဓါဘိသေက အနေကဇာတင် ဗုဒ္ဓပူဇနိယ မဟာမင်္ဂလာသဘင် ဆင်ယင်တော်မူသည်။
ဆက်လက်၍ မန်းရွှေစက်တော် အံ့ချီးဂုဏ်ဝါနမ္မဒါ ဗုဒ္ဓသာသနာ့
မဟာဗိမာန်တော် ဖွင့်လှစ်ပူဇော်ပွဲကို နံနက်(၉)နာရီ ဆက်လက်ကျင်းပတော်မူရာ အခမ်းအနားတွင်
ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၊မကွေးတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ကြီးတို့မှ နမ္မဒါ ဗုဒ္ဓသာသနာ့ မဟာဗိမာန်တော် အားဖဲကြိုးဖြတ်ဖွင့်လှစ်တော်မူပြီး၊ နိုင်ငံတော်သံဃနာယကအဖွဲ့
ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးမှ နမ္မဒါ ဗုဒ္ဓသာသနာ့
မဟာဗိမာန်တော် မော်ကွန်းစာတမ်းကို အောင်သပြေပန်း၊အမွှေးနံ့သာရေပက်ဖြန်းပေးတော်မူခဲ့သည်။
ထို့နောက် ဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပယ်တော်မူသည့်
ရွှေသင်္ကန်းကပ် မွန်းမံပူဇော်အပ်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို
ဗုဒ္ဓဘိသေကအနေကဇာတင်တော်မူပြီး မန္တလေးယဉ်ကျေးမှုတက္ကသိုလ် အနုပညာမောင်နှမများမှ မြတ်ဗုဒ္ဓ၏
ထူးမခြားဂုဏ်တော်ဘွဲ့ကို ကျူးရင့်ပူဇော်ခဲ့သည်။ဆက်လက်၍ ဥပါသကာ ပရိတ်သတ်အားလုံးတို့က
နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များမှ
ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ
မင်္ဂလာမုခ်ဦးတော်၊မဟာဗိမာန်တော်ကြီးနှင့် တည်ဆောက်ပြု ပြင်လှူဒါန်းခြင်းများနှင့် စပ်လျဉ်း၍
သာသနာရေးရာများကို လျှောက်ထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များမှ
အလှူငွေများပေးအပ်လှူဒါန်းရာမန်းရွှေစက်တော်ရာ ဂေါပကဥက္ကဋ္ဌ၊ခရိုင် အုပ်ချုပ်ရေးမှူး မှလက်ခံရယူကာ
ဧည့်ပရိသတ်များမှ ၀မ်းမြောက်နုမော်သာဓုခေါ်ဆိုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်မှ အံ့ချီးဂုဏ်ဝါမင်္ဂလာမုခ်ဦးတော်နှင့် မဟာဗိမာန်တော်ကြီးကို ဗုဒ္ဓစာသနာတော်အား
နှုတ်မြွက်ဖတ်ကြားတော်မှု၍ လှူဒါန်းခဲ့ပြီး သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုတို့ကို
ဆက်ကပ်ခဲ့သည်။ထို့နောက် လှူဒါန်းမှုအစုစုကို နိုင်ငံတော်သြ၀ါဒါစရိ ယ၊အဘိဓဇ မဟာရဋ္ဌဂုရု၊
ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ် နာယကဆရာတော်ကြီးထံမှ ရေစက်သွန်းချ တရားနာယူကာ
လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေ သာဓုသုံးကြိမ်ဒေါ်ဆိုခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား
နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်
မန်းရွှေစက်တော်ရာပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲ တော်ကြီးကို တပိုတွဲလဆန်း(၅)ရက်နေ့မှ
မြန်မာနှစ်ဆန်း(၁)ရက်နေ့ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်းနှင့်ဘုရားဖူးလာ
ပြည်သူများ သွားလာရေးလွယ်ကူစေရန် (၃)မိုင်လမ်းတိုးချဲ့ပြုပြင်ထားရှိပြီး စိတ်အေးချမ်းသာယာစွာ
တည်းခိုနိုင်ရန် တည်ခိုဆောင်စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)























0 comments:
Post a Comment