Monday, December 31, 2018


မကွေး၊ ဒီဇင်ဘာလ ၃၀ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် တောင်တွင်းကြီး မြို့နယ်၊ လယ်ပြင်သာကျေးရွာနေ သောင်းလှ၊ ၃၂ နှစ်သည် ကျေးရွာအတွင်း အရက်သောက်စားပြီး အရိုး(၁၁) လက်မခွဲ၊ အသွား(၁၃)လက်မခန့်ရှိ ဓါးမ(၁)ချောင်းအား ကိုင်ဆောင်၍ ရွာလယ်လမ်းမ ပေါ်၌ အများပြည်သူ စိတ်ငြိုငြင်အောင် ဆူပူရမ်းကားနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သောင်းလှ အား တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်း(ပ)၇၅၅/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း သတင်း ရရှိပါသည်။  


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မကွေးမြို့၊ အမှတ်(၁၅)မူးယစ် ရဲတပ်ဖွဲ့စုမှ ရဲအုပ် သန်းဇော်လတ်နှင့်အဖွဲ့၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ မြင်သာရပ်ကွက်၊ မေတ္တာလမ်းပေါ်၌ မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်နေ အောင်ကိုလတ်(ခ)ကိုလတ်၊ ၃၇ နှစ်၊ စီးနင်းလာသည့် ၃ယ/၉၉၀၃၂ နံပါတ်ပါ ရင်ဇင်းအမျိုးအစား အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့ရာ ၄င်းဝတ်ဆင်ထားသည့် အာရှပါဝါစာတမ်းပါ စိမ်းနက်ရောင် ပြောက်ကြား အနွေးထည်၏ ၀ဲဘက်အိတ်ကပ်အတွင်းမှ တိပ်အနက်ဖြင့် ပတ်ထားပြီး အနက်ရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစဖြင့် ထုတ်ထားသည့် 88/1 စာတမ်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀) ပြား၊ အလေးချိန်(၁၀)ဂရမ်ခန့်နှင့် အတွင်းအင်္ကျီအိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ(၁၁၃၀၀ိ/)၊ VIVO အမျိုးအစား ဆင်းကဒ်(၂)ကဒ်ပါ အနက်ရောင်ဖုန်း(၁)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် အောင်ကိုလတ်(ခ)ကိုလတ်အား မကွေးမြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Friday, December 28, 2018

 
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် မကွေးမြို့၊ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် သန်းဇော်လတ် ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ငဖဲမြို့၊ ကျောင်းတွင်းရပ်ကွက်နေ မပမယ်(ခ)မလှလှဝင်း၊ ၄၃ နှစ်၏ နေအိမ် တဲအား မူးယစ်တပ်ဖွဲ့စု(၁၅)(မကွေး) တပ်ဖွဲ့စုမှူး၏ မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့်ဝရမ်း အမှတ် (၁၃/၂၀၁၈)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်တဲအပြင်ဘက်တွင် မပမယ်(ခ)မလှလှဝင်း နှင့်အတူ ငဖဲမြို့ နယ်၊ ကံရွာကျေးရွာနေ ဦးနယ်၊ ၄၄ နှစ်နှင့် ငဖဲမြို့နယ်၊ ချင်းမကျေးရွာနေ မမြင့်မြင့်ဝါ၊ ၅၀ နှစ်တို့အား တွေ့ရှိရပြီး တဲအတွင်း မီးဖိုခန်းအမိုး ၀ါးလုံးတန်းတွင် ချိတ်ဆွဲထားသော SONIC စာတမ်းပါ အပြာရောင် ဆိုင်ကယ်စီးဦးထုပ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် အဖြူရောင်ပလပ်စတစ်အိတ် ငယ် များဖြင့် ထုတ်ပိုးထားသည့် ဘိန်းစိမ်းဟုယူဆရသော အမဲရောင် အစေးအထုပ်(၁)ထုပ်လျှင် ထုတ်ပိုးခွံ ပါ အလေးချိန် ၃.၀၉ ဂရမ်ခန့်ရှိ အထုပ်သေး စုစုပေါင်း (၃၁)ထုပ်၊ အလေးချိန် ၉၅ ဂရမ်ခန့်နှင့် အဖြူရောင်ပလပ်စတစ်ငယ်များဖြင့် ထုတ်ပိုးထားသည့် ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေးအထုပ် (၁)ထုပ်လျှင် ထုတ်ပိုးခွံပါ အလေးချိန် ၀.၅၆ ဂရမ် ခန့်ရှိ အထုပ်သေးစုစုပေါင်း(၄၅)ထုပ်၊ အလေးချိန် ၂၅ ဂရမ်ခန့်၊ ဘိန်းစိမ်းဟု ယူဆရသော အမဲရောင် အစေးအထုပ်စုစုပေါင်း (၇၆)ထုပ်၊ ထုတ်ပိုးခွံပါ အလေးချိန် ၁၂၀ ဂရမ်ခန့်အား လည်းကောင်း၊ နေအိမ်တဲအလယ်ခေါင်တိုင်တွင် ချိတ်ဆွဲထားသော အ၀ါရောင် လွယ်ကြိုးပါ နှီးပလိုင်းအတွင်းရှိ OKLEY စာတမ်းပါအမဲရောင်သားရေ ပိုက်ဆံအိတ်အတွင်းမှ ဘိန်းစိမ်း ရောင်းချရရှိငွေဟု ယူဆရသော ငွေစက္ကူရောရာ (၂၅၀၀၀၀ိ/-)အားလည်းကောင်း ရှာဖွေတွေ့ရှိဖမ်းဆီးရမိ ခဲ့၍ မပမယ်(ခ) မလှလှဝင်း၊ မမြင့်မြင့်ဝါနှင့် ဦးနယ်တို့(၃)ဦးအား ငဖဲမြို့၊ မြို့မရဲစခန်း မယ(ပ)၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ မအူရဲကင်း စခန်းမှူး ရဲအုပ် မြင့်ကျော် ဦးဆောင် သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မအူအလယ် ကျေးရွာရှိ "ရွှေစံအိမ်'' စားသောက်ဆိုင်ရှေ့ လမ်းမပေါ်တွင် နှစ်လုံးထီ ရောင်းချနေသူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ "ရွှေစံအိမ်''စားသောက်ဆိုင်ရှေ့ လမ်းမ ပေါ်တွင် ရေစကြိုမြို့နယ်၊ ကမ္မတောကျေးရွာနေ အောင်ကို၊ ၂၆ နှစ်အား ၎င်းဝတ်ဆင်ထားသော အင်္ကျီအတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူ ရောရာ (၁၁၀၇၀၀ိ/)တို့နှင့်အတူ ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့၍ အောင်ကိုအား ရေစကြိုမြို့၊ မြို့မရဲစခန်း (ပ)၅၁၄/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင်  မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ရဲအုပ် ဇင်မင်းထွန်း ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာနေ မသင်း(ခ)မသင်းကြည်၊ ၃၇ နှစ်မှာ မင်းဘူးမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း နှစ်လုံးထီလိုက်လံရောင်းချနေကြောင်း သတင်းအရ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက် လမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် မသင်း(ခ)မသင်းကြည် မောင်းလာသော ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ မသင်း(ခ)မသင်းကြည် ၀တ်ဆင်ထားသည့် နက်ပြာရောင်အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ နှစ်လုံးဂဏန်း များနှင့် ငွေတန်ဖိုးများ ပေးပို့/လက်ခံထားရှိသော Messages များပါသည့် Samsung အဖြူရောင်ဖုန်း (၁)လုံးနှင့် ငွေစက္ကူရောရာ(၈၈၀၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် မသင်း(ခ)မသင်းကြည်အား မင်းဘူးမြို့၊ မြို့မရဲစခန်း(ပ)၁၄၅၆/၂၀၁၈၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) အရ  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Thursday, December 27, 2018


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စည်သူဝင်းပါ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာနေ မမိုးမိုးကြည်၊ ၃၄ နှစ်၏ နေအိမ်အား သရက်ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၅/၂၀၁၈ ဖြင့် ၀င်ရောက် ရှာဖွေရာ မမိုးမိုးကြည်အား နေအိမ်အောက်တွင် တွေ့ရှိရပြီး ၎င်းလွယ်ထား သော Oakley တံဆိပ်ပါ အနက်ရောင်သားရေ ပိုက်ဆံအိတ်အတွင်းမှ ဆင်းကဒ်ထည့်ထားသော Oppo ဟန်းဆက်အတွင်းတွင် Viber ဖြင့် နှစ်လုံးဂဏန်းနှင့်ငွေကြေးများ ပေးပို့ထားသည့် Message များနှင့် လောင်းကြေးငွေစက္ကူရောရာ (၁၄၉၁၅၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ မမိုးမိုးကြည်အား သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Find Us on Facebook

Popular Posts

Video