၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည်
၁၁ နာရီအချိန်ခန့်တွင် မကွေးမြို့၊ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် သန်းဇော်လတ်
ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ငဖဲမြို့၊ ကျောင်းတွင်းရပ်ကွက်နေ
မပမယ်(ခ)မလှလှဝင်း၊ ၄၃ နှစ်၏ နေအိမ် တဲအား မူးယစ်တပ်ဖွဲ့စု(၁၅)(မကွေး) တပ်ဖွဲ့စုမှူး၏
မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့်ဝရမ်း အမှတ် (၁၃/၂၀၁၈)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်တဲအပြင်ဘက်တွင်
မပမယ်(ခ)မလှလှဝင်း နှင့်အတူ ငဖဲမြို့ နယ်၊ ကံရွာကျေးရွာနေ ဦးနယ်၊ ၄၄ နှစ်နှင့် ငဖဲမြို့နယ်၊
ချင်းမကျေးရွာနေ မမြင့်မြင့်ဝါ၊ ၅၀ နှစ်တို့အား တွေ့ရှိရပြီး တဲအတွင်း မီးဖိုခန်းအမိုး
ဝါးလုံးတန်းတွင် ချိတ်ဆွဲထားသော SONIC စာတမ်းပါ အပြာရောင် ဆိုင်ကယ်စီးဦးထုပ်အတွင်းမှ
အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် အဖြူရောင်ပလပ်စတစ်အိတ် ငယ် များဖြင့် ထုတ်ပိုးထားသည့်
ဘိန်းစိမ်းဟုယူဆရသော အမဲရောင် အစေးအထုပ်(၁)ထုပ်လျှင် ထုတ်ပိုးခွံ ပါ အလေးချိန် ၃.၀၉
ဂရမ်ခန့်ရှိ အထုပ်သေး စုစုပေါင်း (၃၁)ထုပ်၊ အလေးချိန် ၉၅ ဂရမ်ခန့်နှင့် အဖြူရောင်ပလပ်စတစ်ငယ်များဖြင့်
ထုတ်ပိုးထားသည့် ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေးအထုပ် (၁)ထုပ်လျှင် ထုတ်ပိုးခွံပါ
အလေးချိန် ၀.၅၆ ဂရမ် ခန့်ရှိ အထုပ်သေးစုစုပေါင်း(၄၅)ထုပ်၊ အလေးချိန် ၂၅ ဂရမ်ခန့်၊ ဘိန်းစိမ်းဟု
ယူဆရသော အမဲရောင် အစေးအထုပ်စုစုပေါင်း (၇၆)ထုပ်၊ ထုတ်ပိုးခွံပါ အလေးချိန် ၁၂၀ ဂရမ်ခန့်အား လည်းကောင်း၊ နေအိမ်တဲအလယ်ခေါင်တိုင်တွင် ချိတ်ဆွဲထားသော အ၀ါရောင် လွယ်ကြိုးပါ နှီးပလိုင်းအတွင်းရှိ OKLEY စာတမ်းပါအမဲရောင်သားရေ ပိုက်ဆံအိတ်အတွင်းမှ
ဘိန်းစိမ်း ရောင်းချရရှိငွေဟု ယူဆရသော ငွေစက္ကူရောရာ (၂၅၀၀၀၀ိ/-)အားလည်းကောင်း ရှာဖွေတွေ့ရှိဖမ်းဆီးရမိ ခဲ့၍
မပမယ်(ခ) မလှလှဝင်း၊ မမြင့်မြင့်ဝါနှင့် ဦးနယ်တို့(၃)ဦးအား ငဖဲမြို့၊ မြို့မရဲစခန်း
မယ(ပ)၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ
အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, December 28, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment