Monday, December 31, 2018


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မကွေးမြို့၊ အမှတ်(၁၅)မူးယစ် ရဲတပ်ဖွဲ့စုမှ ရဲအုပ် သန်းဇော်လတ်နှင့်အဖွဲ့၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ မြင်သာရပ်ကွက်၊ မေတ္တာလမ်းပေါ်၌ မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်နေ အောင်ကိုလတ်(ခ)ကိုလတ်၊ ၃၇ နှစ်၊ စီးနင်းလာသည့် ၃ယ/၉၉၀၃၂ နံပါတ်ပါ ရင်ဇင်းအမျိုးအစား အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့ရာ ၄င်းဝတ်ဆင်ထားသည့် အာရှပါဝါစာတမ်းပါ စိမ်းနက်ရောင် ပြောက်ကြား အနွေးထည်၏ ၀ဲဘက်အိတ်ကပ်အတွင်းမှ တိပ်အနက်ဖြင့် ပတ်ထားပြီး အနက်ရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစဖြင့် ထုတ်ထားသည့် 88/1 စာတမ်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀) ပြား၊ အလေးချိန်(၁၀)ဂရမ်ခန့်နှင့် အတွင်းအင်္ကျီအိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ(၁၁၃၀၀ိ/)၊ VIVO အမျိုးအစား ဆင်းကဒ်(၂)ကဒ်ပါ အနက်ရောင်ဖုန်း(၁)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် အောင်ကိုလတ်(ခ)ကိုလတ်အား မကွေးမြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video