မကွေး၊ ဒီဇင်ဘာလ ၃၀ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည်
၁ နာရီအချိန်တွင် တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
နယ်မြေသတင်းစုံစမ်းနေစဉ် တောင်တွင်းကြီး မြို့နယ်၊ လယ်ပြင်သာကျေးရွာနေ သောင်းလှ၊ ၃၂
နှစ်သည် ကျေးရွာအတွင်း အရက်သောက်စားပြီး အရိုး(၁၁) လက်မခွဲ၊ အသွား(၁၃)လက်မခန့်ရှိ ဓါးမ(၁)ချောင်းအား
ကိုင်ဆောင်၍ ရွာလယ်လမ်းမ ပေါ်၌ အများပြည်သူ စိတ်ငြိုငြင်အောင် ဆူပူရမ်းကားနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့်
သောင်းလှ အား တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်း(ပ)၇၅၅/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)
အရ အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment