မကွေး၊ ဇန်န၀ါရီလ ၁ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် ဆုံရပ်ကွက်၊ ဘုရားလမ်းတွင် အမှတ်(၁၅) မူးယစ်ရဲတပ်ဖွဲ့စု(မကွေး)မှ ဒုရဲမှူး ကျော်စွာထွန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ ဒုရဲအုပ် ရွှေဒေါင်း တို့ပါဝင်သောအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အောင်မိုးနိုင် မောင်းနှင်၍ ချစ်ဖြိုးသုန်(ခ)ဖိုးချို နောက်မှ ထိုင်လိုက်လာသည့် ၆၆ယ/၃၀၇၇၊ ဟွန်ဒါကလစ် အမျိုးအစား၊ နီ/နက်ကြားရောင် ဆိုင်ကယ်ဖြင့် ရောက်လာပြီး ကောင်းဖက်ဆိုင်အတွင်းသို့ ၀င်ရောက်လာသည်ကို ရှာဖွေ စစ်ဆေးရာ အောင်မိုးနိုင်၏ ၀ဲဘက်လက်အတွင်း ဆုပ်ကိုင်ထားသည့် Marlboro စာတမ်းပါ စီးကရက်ဗူးခွံ အတွင်း အပြာရောင်ပလပ်စတစ် ကပ်ခွါအိတ်ငယ်ဖြင့် ထည့်လျှက် 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၁၉၆)ပြား၊ GIORDANO စာတမ်းပါ အနက်ရောင်ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ (၈၂၀၀၀ိ/-)၊ ယာဉ်မောင်းလိုင်စင်များ၊ HONOR-8X အနက်ရောင်ဖုန်း(၁)လုံးတို့အား တွေ့ရှိ၍ သက်သေခံ ပစ္စည်းများနှင့်အတူ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်အား သိမ်းဆည်းခဲ့ပါသည်။
ဆက်လက်၍ ၎င်းတို့(၂)ဦး၏စစ်ဆေးပေါ်ပေါက်ချက်များအရ အောင်မိုးနိုင်နေထိုင်သည့် ရန်ကျော် (၁၃)လမ်း ရှိ နေအိမ်သို့ မူးယစ် ဆေးဝါးဝင်ရောက်ရှာဖွေခွင့်ဝရမ်းအမှတ်(၁/၂၀၁၉)ဖြင့် သက်သေများင့်အတူ ည ၁၂ နာရီကျော်ခန့် ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်အ၀င် တံခါးဘောင်ပေါ်မှ ခဲစက္ကူ အဖြူရောင်၊ ပလပ်စတစ် တို့ဖြင့် ထုပ်ထားသည့် 88/1 စာတမ်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀)ပြား၊ နေအိမ်အ၀င် တံခါးဝဲဘက် ပြူတင်းပေါက်ဘောင်ပေါ်မှ ခဲစက္ကူအဖြူရောင်၊ ပလပ်စတစ်တို့ဖြင့်ထုပ်ထားသည့် 88/1 စာတမ်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၀) ပြား၊ နေအိမ်ဧည့်ခန်းကြမ်းပြင်ပေါ်မှ 88/1 စာတမ်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁)ပြား၊ စုစုပေါင်း(၃၁)ပြား၊ နေအိမ် အိပ်ခန်းအတွင်း ကုတင်အောက်ကြမ်းခင်းတွင် အံဝှက် ပြုလုပ်သိမ်းဆည်းထားသည့် SSK စာတမ်းပါ သံဗူးအတွင်း အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ်ငယ်ဖြင့် ထည့်လျှက် 88/1 စာတမ်း တစ်ဖက်စီပါ အစိမ်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၉)ပြား၊ WY စာတမ်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြား၊ စုစုပေါင်း (၁၁)ပြား တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းဆီးရမိခဲ့ပါသည်။
ထို့နောက် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ နံနက် ၁ နာရီကျော် ခန့်တွင် ချစ်ဖြိုးသုန်(ခ)ဖိုးချို နေထိုင်သည့် ရန်ကင်းရပ်ကွက်ရှိ နေအိမ်သို့ မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းအမှတ်(၂/၂၀၁၉)ဖြင့် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါ။
0 comments:
Post a Comment