မကွေး၊ ဇန်န၀ါရီလ ၁ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် မကွေး မြို့၊ အမှတ်(၁၅)မူးယစ်ရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကျော်စွာထွန်းနှင့်အဖွဲ့သည် မကွေးမြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်/ စိတ်ပြောင်းပုဒ်မ ၁၉(က)/၂၀(က)/၂၁ အမှုမှ တရားခံ အောင်မိုးနိုင်နှင့် ချစ်ဖြိုးသုန်(ခ) ဖိုးချို တို့အား သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံ မြို့သစ်မြို့နယ်၊ သစ်ပုံကျေးရွာနေ သီဟဇော်၊ ၂၄ နှစ် အား သက်သေများနှင့်အတူ မကွေးမြို့၊ ရန်ကျော်ရပ်ကွက်၊ ပိတောက် လမ်းရှိ Forever လက်ဘက်ရည် ဆိုင်၌ စောင့်ဆိုင်းရှာဖွေရာ သီဟဇော် အား ၎င်းဝတ်ဆင် ထားသည့် Zara တံဆိပ်ပါ နီညိုရောင် အနွေးထည် အင်္ကျီ ၀ဲဘက်အိတ်ကပ်အတွင်းမှ စက္ကူတစ်ထပ်၊ မီးတိပ်တစ်ထပ် ပတ်လျက် ပလပ်စတစ်အိတ်အတွင်း ထည့်ထားသော 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၁)ပြား၊ (၁.၁)ဂရမ်နှင့် RedMi ရွှေအိုရောင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်း ရမိခဲ့၍ သီဟဇော်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ) အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment