မကွေး၊
ဇန်န၀ါရီလ ၄ ရက်
၂၀၁၈
ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်မှ ၂၅ မိနစ်အချိန်ထိ မကွေးမြို့၊
ရန်ကျော် ရပ်ကွက်ရှိ တိုင်းဒေသကြီးအားကစားကွင်းတွင်
(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ၊
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊
ဆောက်လုပ်ရေး/ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊
စာရင်းစစ်ချုပ်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊
အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မကွေးခရိုင်
ရဲတပ်ဖွဲ့မှူးနှင့် တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ
စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်
တက်ရောက်လာသူများမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အလံအား လွှင့်ထူ ခြင်း၊
နိုင်ငံတော်အလံအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍
တိုင်းဒေသကြီးအားကစားကွင်းတွင် နံနက် ၇ နာရီ ၁၀ မိနစ်မှ ၂၀ မိနစ်ထိ (၇၁) နှစ်မြောက်
လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊
ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊
တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊
လူမှုရေးဝန်ကြီး၊ သယံဇာတ/သဘာဝပတ်ဝန်းကျင်/ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ စီမံကိန်း/ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊
ဆောက်လုပ်ရေး/ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊
အလုပ်သမား/ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊
စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊
ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်
ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား (၁၄၄၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါအခမ်းအနားတွင်
ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုအား ဂုဏ်ပြုတပ်ဖွဲ့မှ သေနတ်မြှောက် အလေးပြုခြင်း၊
တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခြင်း၊
ဂုဏ်ပြုတပ်ဖွဲ့မှ သစ္စာ (၄)ချက် ရွတ်ဆိုခြင်း၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ ပေးပို့သော
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာအား ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment