Sunday, January 6, 2019


မကွေး၊ ဇန်န၀ါရီလ ၅ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်ပိုင်းက AA အဖွဲ့မှ ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရခြင်း ကြောင့် တိုက်ပွဲ ကျဆုံးသွားသူ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူး စိုင်းဘိုဟန် ၏ ကျန်ရစ်သူ မိသားစုများအား မကွေး တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီး စိုင်းခမ်းလူနှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်တို့မှ မကွေးမြို့၊ အောင်စေတနာ(A)(၃)လမ်းသို့ သွားရောက်တွေ့ဆုံပြီး နှစ်သိမ့် အားပေးစကားပြောကြားခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှထောက်ပံ့သော ငွေကျပ် (၁၀)သိန်းအား ဇနီးဖြစ်သူ ဒေါ်သီတာဦးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video