မကွေး၊ ဇန်န၀ါရီလ ၇ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲကင်းစခန်းမှူး ရဲအုပ် ၀င်းကိုနှင့် အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ချစ်သူ ကျေးရွာမြောက်ဘက်ရှိ လမ်းမပေါ်အရောက်တွင် YGN 9E-2444 Mark II အဖြူရောင်ယာဉ်အား စစ်ဆေးရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ ရွာနေ ကျော်မြင့်၊ ၄၃ နှစ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ အုန်းတောကျေးရွာနေ အောင်နိုင်ဦး၊ ၁၉ နှစ် တို့အား ကျော်မြင့်၏ ခန္ဓာကိုယ်တွင် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓါးဦးချွန် ဓါးမြှောင်(၁)ချောင်းကို လည်းကောင်း၊ အောင်နိုင်ဦး ၏ ခန္ဓာကိုယ်တွင် အရိုးအသွား(၁၂)လက်မခန့်ရှိ ဓါးအိမ်ပါဓါးဦးချွန် ဓါးမြှောင်(၁) ချောင်းကိုလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်မြင့်အား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း(ပ)၅/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ လည်းကောင်း၊ အောင်နိုင်ဦးအား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်း(ပ)၆/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကျော်မြင့်နှင့် အောင်နိုင်ဦးတို့(၂)ဦး စီးနင်းလာသော Mark II ယာဉ်ပေါ်တွင် ပီနံအိတ် (၄)အိတ် အတွင်း ပလပ်စတစ်အကြည်ဖြင့်ထည့်လျက် ဒီဇယ်ဆီ(၄၅)ဂါလံခန့်၊ အ၀ါရောင်ကတ်တာ (၁)ချောင်း၊ အစိမ်းရောင်ကတ်တာ(၁)ချောင်း၊ 300MM ဂွရှင် (၁)ချောင်း၊ အနီနှင့် အနက်ပါကိုက်ဂွ (၁)ချောင်း၊ အပြာနှင့် အနက်ပါ ပလာရာ(၁)ချောင်း၊ အရှည်(၁၄)လက်မခန့်ရှိ သံကလော်(၁)ချောင်း၊ ၀ါးရိုးတပ် ဆောက်ပြား (၁)ချောင်း၊ ဘက္ထရီအိုးထိန်း(၁)ခု၊ အလျား (၁၀)ပေ၊ အနံ(၆)လက်မခွဲခန့်ရှိ G3 တံဆိပ်ပါ အနက်ရောင် ဘက္ထရီအိုး(၁)လုံး၊ အရှည်(၁၅)ပေခန့်၊ လုံးပတ်(၁)လက်မခန့်ရှိ ကော်ပိုက် (၁)ချောင်း၊ ဘက္ထရီကလစ်နီ/နက် (၂)ခု၊ ကေဘယ်ကာဘာကြိုး အခွံ အနက်(၁)ခုနှင့် ၎င်းတို့စီးနင်းလာသည့် YGN 9E-2444 Mark II အဖြူရောင်ယာဉ်တို့နှင့် ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသည့်အပြင် နေအိမ်အဆောက်အဦးတစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေးသိရှိရသဖြင့် ကျော်မြင့်နှင့် အောင်နိုင်ဦးတို့(၂)ဦးအား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း (ပ) ၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ ထပ်မံအမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment