Friday, January 11, 2019

မကွေး၊ ဇန်န၀ါရီလ ၇ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ထွန်းထွန်းဦး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး နှင့်အဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ပခုက္ကူမြို့၊ မြို့ရှောင်လမ်း၌ စောင့်ဆိုင်း နေစဉ် စက်မှုဇုံဘက်မှ အမှတ်(၁၁)ရပ်ကွက်ဘက်သို့ မောင်းနှင်လာသော ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ (၁၃)လမ်းနေ ဇော်ထက်လင်း(ခ)ဖိုးထောင်၊ ၂၃နှစ်၏ ၁ယ/၃၁၁၅၆ စူပါကတ်ခဲရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဇော်ထက်လင်း(ခ)ဖိုးထောင် ၀တ်ဆင်ထားသည့် နီ/နက်ကြားရောင်ပုဆိုးခါးပုံစ အတွင်း မှ ကမ္ဘာလုံးပုံပါ အပြာရောင်ကပ်ခွာအိတ်အတွင်း ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၁၈၀)ပြားအား တွေ့ရှိသိမ်းဆည်းရမိ၍ ဇော်ထက်လင်း (ခ)ဖိုးထောင်အား ပခုက္ကူမြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ  အရေးယူမှု ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ထွန်းထွန်းဦးနှင့်အဖွဲ့သည် ပခုက္ကူမြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အမှုမှ တရားခံ ဇော်ထက်လင်း(ခ)ဖိုးထောင်အား စစ်ဆေးရာ မူးယစ်ဆေးဝါးများအား ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ သီတာလမ်းနေ ဇင်ကိုဦး၊ ၂၄ နှစ်ထံမှ ၀ယ်ယူရရှိခဲ့ကြောင်း သိရှိရသဖြင့် သက်သေများ နှင့်အတူ မကွေးတိုင်းဒေသကြီးရဲတပ်ဖွ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ် ၂/၂၀၁၉ ဖြင့် ဇင်ကိုဦး ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဇင်ကိုဦးနှင့်အတူ ပခုက္ကူမြို့နယ်၊ ရွှေချောင်းကျေးရွာနေ ကောင်းဆက်လွင်၊ ၂၁ နှစ်နှင့် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ သန့်ဇင်လတ်၊ ၁၈ နှစ်တို့(၃)ဦး အား မူးယစ်ဆေးဝါးသုံးစွဲလျက် တွေ့ရှိရပြီး ဇင်ကိုဦး၏ နေအိမ်ခြံဝန်းတဲအတွင်းမှ Premium Gold ဆေးလိပ်ဗူးအတွင်းထည့်လျက် ငွေရာင် စက္ကူဖြင့် ပတ်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၅)ပြား(၁)ထုပ်၊ (၆)ပြား (၁)ထုပ်၊ ပလပ်စတစ်အကြည်ဖြင့် ပတ်လျက် 88/1 စာတန်း ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅)ပြား၊ စုစုပေါင်း(၁၆)ပြား၊ (၁.၆)ဂရမ်၊ တန်ဖိုး(၆၄၀၀၀ိ/-)၊ Huawei ဖုန်း(၂)လုံး၊ နံပါတ်မပါ Jianshe 110 နက်/၀ါကြားရောင်ဆိုင်ကယ်(၁)စီး၊ ၅၈ယ/၁၇၇၂၂ Aiyous Click နီ/နက်ရောင်ဆိုင်ကယ်(၁)စီး၊ Max စာသားပါ ခါးတွင်အပေါက်ဖောက်ထားသည့် ပလပ်စတစ်ဗူး(၁)ဗူး၊ အတက်ပါ စတီးပိုက်(၁)ခု၊ အပြာရောင် ပိုက်(၁)ခုနှင့် ရောင်စုံပိုက်(၇)ချောင်း တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဇင်ကိုဦးအား ဆက်လက်စစ်ဆေးရာ မူးယစ်ဆေးဝါးများအား ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ အောင်ကျော်ဌေး(ခ)ညိုပု၊ ၂၈ နှစ်ထံမှ ၀ယ်ယူရရှိခဲ့ကြောင်း သိရှိရသဖြင့် ညနေ ၃ နာရီခွဲခန့်တွင် သက်သေ များနှင့် အတူ  မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်း အမှတ် ၃/၂၀၁၉ ဖြင့် အောင်ကျော်ဌေး(ခ) ညိုပု၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ အောင်ကျော်ဌေး(ခ)ညိုပုနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ အေးချမ်းအောင်၊ ၁၉ နှစ် တို့(၂)ဦးအား မူးယစ်ဆေးဝါးသုံးစွဲလျက် တွေ့ရှိရပြီး အောင်ကျော်ဌေး(ခ)ညိုပု၏ နေအိမ် အတွင်း ကုတင်ပေါ်မှ Chociaek Japan Aluminu စာတန်းပါ ကတ္တူဗူးငယ်ဖြင့် ထည့်ထားသော ခဲပြားလိပ် (၁)လိပ်၊ အရှည်(၁)ပေခန့် ခဲပြားလိပ်(၁)လိပ်၊ ခဲပြားအပိုင်းအစ(၁)ခု၊ ရောင်စုံပိုက်(၄၇)ချောင်း၊ မီးခြစ်(၃)လုံး၊ Mg Nyo Lay အမည်ပါ မူးယစ်ဆေးဝါးရောင်းချငွေစာရင်းများ ရေးသွင်းထားသည့် ဗလာစာအုပ်(၁)အုပ်၊ ဆင်းကဒ်ပါ Samsung ဖုန်း(၁)လုံး၊ အိမ်မှာမလုပ်ရ ပုံ/ညိုပု ဟု ရေးသားထားသည့် ကတ္တူစက္ကူ(၁)ခုနှင့် ငွေစက္ကူရောရာ(၅၀၀၀ိ/-)တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့၍ ဇင်ကိုဦး၊ ကောင်းဆက်လွင်၊ သန့်ဇင်လတ်၊ အောင်ကျော်ဌေး(ခ)ညိုပုနှင့် အေးချမ်းအောင် တို့(၅)ဦး အား ပခုက္ကူမြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၁ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video