မကွေး၊
ဇန်န၀ါရီလ ၁၂ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင်
အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်စိန် ဦးစီး အဖွဲ့၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
ဒုရဲမှူး ကျော်သန်း ဦးစီးအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ထက်နိုင်လင်းနှင့်အဖွဲ့၊
သစ်တောရဲတပ်ဖွဲ့မှ ရဲဒုတက ခိုင်ဇော်သန်းနှင့်အဖွဲ့တို့ ပူးပေါင်း၍ သက်သေများနှင့်အတူ
သတင်းအရ နယ်မြေအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အောင်လံမြို့နယ်၊ တောင်သာကျေးရွာမြောက်ဘက်
(၅)မိုင်ခန့် အကွာ ဂူကြီးတောင် ပေါ်တွင် ပျဉ်းကတိုး ခွဲသားဆိုဒ်စုံ(၂၂)ချောင်း (၂.၃၅၉၂)တန်၊
အခြားသစ်ခွဲသားဆိုဒ်စုံ (၃၅)ချောင်း (၂.၉၄၂၂)တန်၊ စုစုပေါင်း (၅.၄၀၁၂)တန် သိမ်းဆည်းရမိခဲ့ပြီး
ရွှေပန်းတောသစ်တောဘိနယ်ရုံးတွင် သိမ်းဆည်းကာ သစ်တောဦးစီးဌာနမှ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment