၂၀၁၈ ခုနှစ်၊
ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ရဲအုပ် ဇင်မင်းထွန်း ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာနေ မသင်း(ခ)မသင်းကြည်၊ ၃၇ နှစ်မှာ
မင်းဘူးမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း နှစ်လုံးထီလိုက်လံရောင်းချနေကြောင်း သတင်းအရ
မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက် လမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် မသင်း(ခ)မသင်းကြည်
မောင်းလာသော ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ မသင်း(ခ)မသင်းကြည် ၀တ်ဆင်ထားသည့် နက်ပြာရောင်အင်္ကျီလက်ရှည်
အိတ်ကပ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ နှစ်လုံးဂဏန်း များနှင့် ငွေတန်ဖိုးများ ပေးပို့/လက်ခံထားရှိသော Messages
များပါသည့် Samsung အဖြူရောင်ဖုန်း (၁)လုံးနှင့် ငွေစက္ကူရောရာ(၈၈၀၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့
သဖြင့် မသင်း(ခ)မသင်းကြည်အား မင်းဘူးမြို့၊ မြို့မရဲစခန်း(ပ)၁၄၅၆/၂၀၁၈၊ လောင်းကစားဥပဒေ
ပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Friday, December 28, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment