၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည်
၁၂ နာရီခွဲခန့်တွင် သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စည်သူဝင်းပါ တပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာနေ မမိုးမိုးကြည်၊ ၃၄ နှစ်၏ နေအိမ်အား
သရက်ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၅/၂၀၁၈ ဖြင့် ၀င်ရောက် ရှာဖွေရာ
မမိုးမိုးကြည်အား နေအိမ်အောက်တွင် တွေ့ရှိရပြီး ၎င်းလွယ်ထား သော Oakley တံဆိပ်ပါ အနက်ရောင်သားရေ
ပိုက်ဆံအိတ်အတွင်းမှ ဆင်းကဒ်ထည့်ထားသော Oppo ဟန်းဆက်အတွင်းတွင် Viber ဖြင့် နှစ်လုံးဂဏန်းနှင့်ငွေကြေးများ
ပေးပို့ထားသည့် Message များနှင့် လောင်းကြေးငွေစက္ကူရောရာ (၁၄၉၁၅၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍
မမိုးမိုးကြည်အား သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Thursday, December 27, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment