Monday, December 24, 2018


မကွေး၊ ဒီဇင်ဘာလ ၂၂ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် နောင်နောင်စိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက် နေစဉ် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ရန်နိုင်ရပ်ရှိ မြို့ပတ်လမ်းဟောင်းနှင့်(၂၃)လမ်းထောင့် အရောက်တွင် မသင်္ကာဖွယ်လူတစ်ဦးမှ ဆိုင်ကယ်တစ်စီးအား သော့မပါဘဲတွန်းလာသည်ကို တွေ့ရှိ  ရ၍ စစ်ဆေး မေးမြန်းရာ မကွေးမြို့၊ အောင်စေတနာရပ်ကွက်၊ (၂၃)လမ်း၊ ရန်နိုင်ရပ်နေ တင်မောင်ဝင်း၊ ၅၈ နှစ် ဖြစ်ပြီး ၎င်းတွန်းလာသော ၅၉ယ/၁၀၄၇၄ New Zhineng ဖြူ/နက်/ ကြားရောင်ဆိုင်ကယ်၊ တန်ဖိုး (၃၀၀၀၀၀ိ/-)နှင့်ပတ်သက်၍ မေးမြန်းရာ အဆိုပါဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံ တစ်ရာပြောဆိုပြသ နိုင်ခြင်းမရှိဘဲ မကွေးမြို့ပေါ်ရှိ နေအိမ် အဆောက်အဦတစ်ခုခုအတွင်းမှ ခိုးယူ လာသည်ဟု မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိရ၍ တင်မောင်ဝင်း အား မကွေးမြို့နယ်၊ နယ်မြေရဲစခန်း(ပ) ၇၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ / ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video