မကွေး၊ ဒီဇင်ဘာလ ၂၂ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည်
၁၂ နာရီခန့်မှ ၁ နာရီခွဲခန့်အထိ ဂန့်ဂေါမြို့မ ရဲစခန်းမှ ဒုရဲအုပ် ဖြိုးဟိန်းထွဋ် ဦးစီး
တပ်ဖွဲ့ဝင်များသည် လုံဟောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ အရန် မီးသတ်တပ်စုမှူး
ဦးကျော်လွင် တို့ပါဝင်သောပူးပေါင်းအဖွဲ့နှင့်အတူ ဂန့်ဂေါမြို့နယ်၊
လုံဟောကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊
မှုခင်းများ ကျဆင်းရေး အသိ ပညာပေးဟောပြောခဲ့ရာ ရွာသူ/ရွာသားများတက်ရောက်ခဲ့ပြီး
မှုခင်းလျော့နည်း ကျဆင်းရေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment