Friday, December 21, 2018


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၂ နာရီခွဲခန့်တွင် တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဆတ်သွားဘက်မှ တောင်တွင်းကြီးဘက်သို့ ယာဉ် (၁)စီး အမဲသားခြောက်များ တင်ဆောင်လာကြောင်းသတင်းအရ  ပြည်လမ်းပေါ်တွင် စောင့်ဆိုင်း နေစဉ် ယာဉ်မောင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ဈေး(၂)ရပ်ကွက်နေ ထွန်းလင်းစိုး၊ ၂၈ နှစ် မောင်းနှင်ပြီး ပဲခူးတိုင်းဒေသကြီး၊ အုတွင်းမြို့နယ်၊ မန်ကျည်းပင်အင်းရွာနေ သန်းဇော်၊ ၄၀ နှစ် လိုက်ပါ လာသော 4L/2707 ISUZU  လိုက်ထရပ်အဖြူရောင်(၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ ပီနံအိတ်(၁)အိတ်လျင် အမဲသားခြောက်(၂၀)ပိဿာခန့်ပါ (၁၆၃)အိတ်၊ (၁) ပိဿာလျင် (၁၀၀၀၀ိ/-) နှုန်းဖြင့် စုစုပေါင်း(၃၂၆၀)ပိဿာ၊ တန်ဖိုး(၃၂၆၀၀၀၀၀ိ/-)၊ ပီနံအိတ်(၁) အိတ်လျင် အမဲရွတ်ခြောက် (၂၀)ပိဿာခန့်ပါ(၄)အိတ်၊ (၁)ပိဿာလျင် (၂၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်း (၈၀)ပိဿာ၊ တန်ဖိုး(၁၆၀၀၀၀ိ/-)၊ တန်ဖိုးငွေ စုစုပေါင်း ၃၂၇၆၀၀၀၀ိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့၍ ထွန်းလင်းစိုးနှင့် သန်းဇော် တို့(၂)ဦးအား တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်း (ပ) ၇၂၇/၂၀၁၈၊ စည်ပင်သာယာရေးဥပဒေပုဒ်မ ၈၄(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video