၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင်
ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲအုပ် ဖြိုးဟိန်းထွဋ်နှင့်အဖွဲ့၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုရဲအုပ် မျိုးဇေမြင့်နှင့်အဖွဲ့တို့သည် သတင်းအရ သက်သေများနှင့်အတူ ဂန့်ဂေါမြို့၊
မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ဒေါ်စန်းခင်၏ နေအိမ် ခြံဝင်းအတွင်း ဆောက်လုပ်ငှားရမ်းထားသည့်
ဆိုင်ခန်း(၄)ခန်းအနက် ဖုန်းပြုပြင်ရေးဆိုင် ဖွင့်လှစ် ထားသော ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်နေ
ပြည့်စုံအောင်၊ ၂၆ နှစ် ၏ "ပြည့်စုံ" ဖုန်းအမျိုးမျိုး ပြုပြင်ရေးဆိုင်အား
ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ် ၅/၂၀၁၈ ဖြင့် ၀င်ရောက်ရှာဖွေရာ
ဆိုင်ခန်းပိုင်ရှင် ပြည့်စုံအောင်နှင့်အတူ သူငယ်ချင်းဖြစ်သူ ဂန့်ဂေါမြို့နယ်၊ မင်းရွာ
ကျေးရွာနေ ကျော်မြင့်အောင်၊ ၂၈ နှစ် တို့အား တွေ့ရှိရပြီး ဖုန်းအပျက်များ ပြုပြင်သော
စားပွဲပေါ်ရှိ Vaseline တံဆိပ်ပါ အမြင့်(၁)လက်မခန့်ရှိ အလှဆီဘူးအတွင်း ထည့်ထားသည့်
88/1 တံဆိပ်ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁)ပြား၊ (၀.၉)ဂရမ်၊ တန်ဖိုး ၃၅၀၀ိ/-၊
အမြင့်(၄)လက်မ၊ လုံးပတ် (၁)လက်မခန့်ရှိ အင်္ဂလိပ်စာလုံးများပါရှိသည့် အပြာရောင် ချိုင်းလိမ်းဆီဘူးအတွင်း
အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် 88/1 တံဆိပ်ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၆၈)ပြား၊
(၆.၁၂)ဂရမ်၊ တန်ဖိုး ၂၃၈၀၀၀ိ/-၊ အလျား(၆)လက်မ၊ အနံ(၂)လက်မခွဲခန့်ရှိ နီ/၀ါရောင် Samsung Battery Pack အတွင်း အနက်ရောင်ပလပ်စတစ်အိတ်ဖြင့်ပတ်လျှက်
အပြာရောင် ပလပ်စတစ်အိတ် အတွင်းမှ 88/1 တံဆိပ်ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၉၅)ပြား၊
(၈.၅၅)ဂရမ်၊ တန်ဖိုး ၃၃၂၅၀၀ိ/-၊ စုစုပေါင်းဆေးပြား(၁၆၄)ပြား၊ (၁၄.၇၆)ဂရမ်၊ တန်ဖိုး(၅၇၄၀၀၀ိ/-)အား
တွေ့ရှိ သိမ်းဆည်းရမိခဲ့၍ ပြည့်စုံအောင်နှင့် ကျော်မြင့်အောင် တို့(၂)ဦးအား ဂန့်ဂေါမြို့၊
မြို့မရဲစခန်း မူးယစ် (ပ)၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ
၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, December 21, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment