Tuesday, December 18, 2018


မကွေး၊ ဒီဇင်ဘာလ ၁၇ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ရေစကြိုမြို့မရဲစခန်းမှ ရဲအုပ် စိုးဝင်းခိုင်သည် တာဝန်ဆောင်ရွက်နေစဉ် ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာရှိ MTN ဖုန်းပြုပြင် ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်ဖြစ်သူ မျိုးသက်ခိုင်မှ ၎င်း၏ဆိုင်တွင် အမည်မသိလူငယ်(၂)ဦးမှ MI တံဆိပ်ပါ ရွှေအိုရောင် ဖုန်း(၁)လုံးအား လာရောက်ဖုန်းသော့ဖွင့်ခိုင်းနေကြောင်း သတင်းပေးချက်အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်နေ အောင်အောင်၊ ၂၅ နှစ်နှင့် ရေစကြိုမြို့၊ အမှတ်(၁)ရပ်ကွက်နေ အောင်သိုက်၊ ၂၀ နှစ် တို့ဖြစ်ပြီး ၎င်းတို့(၂)ဦးအား အဆိုပါဖုန်းနှင့်ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသဖြင့် နေအိမ် အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေးသိရှိရသဖြင့် အောင်အောင်နှင့် အောင်သိုက်တို့(၂)ဦးအား ရေစကြိုမြို့၊ မြို့မရဲစခန်း(ပ) ၅၀၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video