Monday, December 17, 2018


မကွေး၊ ဒီဇင်ဘာလ ၁၆ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရေနံချောင်းမြို့ပေါ်ရပ်ကွက်များ၌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter (မှုခင်းပညာပေးပြခန်းယာဉ်)ဖြင့် ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးအောင်ရဲဇော် တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ရှင်းလင်း ပြောကြားခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နံနက် ၉ နာရီမှ ၁၀ နာရီခွဲခန့်အထိ ရေနံချောင်းမြို့၊ (တွင်းကုန်း)အခြေခံပညာ အထက်တန်းကျောင်း အနီး၊ ဇေယျာမင်္ဂလာကျောင်းတိုက်ဝန်းအတွင်း၌  ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းကြည်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီ ခန့်အထိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲခန့်အထိ (လယ်ပေါ်)အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်း၌ ကျောင်းအုပ်ဆရာကြီး ဦးဘိုသိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အား လည်းကောင်း၊ မှုခင်းပညာပေး ယာဉ်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video