Sunday, December 16, 2018

မကွေး၊ ဒီဇင်ဘာလ ၁၄ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter (မှုခင်းပညာပေးပြခန်းယာဉ်)ဖြင့် ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး ဦးစီးတပ်ဖွဲ့ဝင်များ၊ ပခုက္ကူယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ခင်မောင်ထွန်း နှင့်အဖွဲ့၊ အမှတ်(၁၅) မူးယစ်ရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး စိုးညွန့်အောင်နှင့်အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မှုခင်း ကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးရှင်းလင်း ပြောကြား ခြင်းနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ နေ့လည် ၁၁ နာရီ ကျော်ခန့်မှ ၁၂ နာရီခွဲခန့်ထိ အမှတ်(၁၁)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ မှုခင်းပညာပေးယာဉ်ဖြင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ 


 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video