မကွေး၊ ဒီဇင်ဘာလ ၁၂ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြိုင်မြို့ပေါ်ရပ်ကွက်များ၌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter (မှုခင်းပညာပေးပြခန်းယာဉ်)ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းအောင် ဦးစီး တပ်ဖွဲ့ဝင် များ၊ ခရိုင်လူကုန်တားရဲတပ်ဖွဲ့ တပ်စိတ်(၂)မှ ဒုရဲအုပ် မြတ်သူနှင့်အဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်းနှင့်အဖွဲ့၊ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး စိုးညွန့်အောင် နှင့် အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လူကုန်ကူးမှု မခံရစေရေး၊ မှုခင်းကျဆင်းရေး၊ မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊ ယာဉ် စည်းကမ်း/ လမ်း စည်းကမ်း၊ အသိပညာပေး ရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နံနက် ၈ နာရီအချိန်ခန့်တွင် မြိုင်မြို့နယ်၊ (ကျောက်ဆောက်) အခြေခံ ပညာအထက်တန်းကျောင်း ရှေ့၌ ကျောင်းအုပ်ဆရာကြီး ဦးဌေးအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား လည်းကောင်း နေ့လည် ၁ နာရီအချိန်ခန့်တွင် လင်းကတောကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း၌ ခေတ္တကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များအား လည်းကောင်း၊ မှုခင်းပညာပေးယာဉ်ဖြင့် လူကုန်ကူးမှု မခံရစေရေး၊ သက်ငယ် မုဒိမ်းမှု မဖြစ်ပွားစေရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment