Thursday, December 13, 2018

မကွေး၊ ဒီဇင်ဘာလ ၁၂ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် အေးနိုင်၊ ချောက် မြို့မရဲစခန်းမှ ရဲအုပ် မြစိုးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဒေါ်စန်းစန်းအေး၊ ၄၁ နှစ် မှာ နှစ်လုံး/သုံးလုံးထီများ လိုက်လံရောင်းချနေကြောင်းသတင်းအရ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက် အတွင်း စောင့်ဆိုင်းနေစဉ် ချောက်-ပုဂံ ကားလမ်း အနောက်ဘက်ခြမ်း ´´ရွာသူမ‘` ကွမ်းယာဆိုင် ဘေးတွင် ဒေါ်စန်းစန်းအေးအား တွေ့ရှိရ၍ စစ်ဆေးရာ ၎င်း၏လက်ထဲတွင် ကိုင်ဆောင်ထားသော ခရမ်းရောင်မိုးကာလက်ဆွဲအိတ်အတွင်းမှ ၀၀ မှ ၉၉ ထိပါသော နှစ်လုံးထီ လောင်းကစားအကွက် စာအုပ်(၂)အုပ်၊ ၀၀၀ မှ ၉၉၉ အထိပါသော သုံးလုံးထီ လောင်းကစားအကွက်(၁)အုပ်နှင့် လောင်းကစားရာအတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ငွေစက္ကူ ရောရာ (၁၄၄၅၀၀ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်စန်းစန်းအေးအား ချောက်မြို့၊ မြို့မရဲခစန်း (ပ)၃၈၇/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video