Monday, December 10, 2018


မကွေး၊ ဒီဇင်ဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ၄ နာရီခန့်အထိ ဂန့်ဂေါမြို့နယ်၊ အမှတ် (၃)ရပ်ကွက်ရှိ မြစ်ရှောင်လမ်းဆုံ(တြိဂံလမ်းဆုံ)တွင် ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲအုပ် သော်ဇင်ဦး ဦးစီး တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲဒုတပ်ကြပ် မင်းခေါင်၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြင်ဆွေတို့်ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ၊ ဆိုင်ကယ် စီးလျှင် ဦးထုပ်ဆောင်းပါ၊ စာတမ်းပါအနီရောင်စတစ်ကာများ၊ ဆိုင်ကယ် စီးလျှင်(၂)ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်စီးလျှင် ဖြေးဖြေးမောင်းပါ၊ စာတမ်းပါစတစ်ကာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video