မကွေး၊
ဒီဇင်ဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊
ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်ရေး ဌာနစိတ်မှ
ရဲအုပ်မျိုးလွင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲအုပ်သိန်းဌေးနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ ဧရာဝတီ တံတား(ပခုက္ကူ)အနီး ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာ ပခုက္ကူ-ညောင်ဦး ကားလမ်း၊
မိုင်တိုင်အမှတ် (၃/၇)နီးတွင် အမည်မသိအမျိုးသား(၁)ဦးအား နံပါတ်မပါ၊ HONDA CLICK -125 ၊ နက်/နီကြားရောင်
ဆိုင်ကယ် (၁)စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးရာ ၎င်းသည် မန္တလေး တိုင်းဒေသကြီး၊
ကျောက်ဆည်မြို့နယ်၊ ကွမ်းခြေကျေးရွာနေ ဇော်မျိုးထက်(ခ)ဖိုးဇော်၊ ၄၆ နှစ် ဖြစ်ပြီး ၎င်း၏
ခါးပုံစ အတွင်းနှင့် ၀ဲဘက်အင်္ကျီအိပ်ကပ်အတွင်းမှ မူးယစ်ဆေးပြားဟု ယူဆရသည့် 88/1 စာတန်းပါ
ပန်းရောင်ဆေးပြား(၄၃၈)ပြား၊ (၄၃.၈)ဂရမ်၊ တန်ဖိုး(၁၅၃၃၀၀၀ိ/-) အားလည်းကောင်း၊ ၎င်းယာဘက် အကျီင်္အိပ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင်
အသုံးပြုသည့် ဂတ်စ်မီးခြစ် (၄)လုံး၊ ငွေစက္ကူရောရာ (၉၉၄၅၀ိ/-)၊ ခဲရောင် MEIZU ဖုန်း(၁)လုံးတို့အား
လည်းကောင်း၊ အအေးစုပ် ပိုက်(၂)ချောင်း၊ ဓါးအိမ်ပါ အရိုးအသွား(၁၁)လက်မခန့်ရှိ စတီးဓါးဦးချွန်(၁)ချောင်းတို့အား
ဆိုင်ကယ် တူးဘောက်အတွင်းမှ လည်းကောင်း ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်မျိုးထက်(ခ)ဖိုးဇော်
အား ပခုက္ကူမြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)
အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment