မကွေး၊ ဒီဇင်ဘာလ
၈ ရက်
၂၀၁၈ ခုနှစ်၊
ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်းမှ
ဒုရဲအုပ် ကျော်မျိုးဦး၊ ရွှေစက်တော်ရဲကင်းမှူး ဒုရဲအုပ် မျိုးသက်ထွန်း၊ တို့အဖွဲ့သည် Bingo လောင်းကစား ပြုလုပ် နေကြောင်းသတင်းအရ မင်းဘူးမြို့၊ ဘုရားကျေးရွာနေ ဒေါ်သန်းနွဲ့၊ ၅၄ နှစ် ၏နေအိမ်အား မြို့နယ် ရဲတပ်ဖွဲ့မှူး၏
လောင်းကစားဖမ်းဝရမ်းအမှတ်(၂၂/၂၀၁၈)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းတွင် ဒေါ်သန်းနွဲ့
နှင့် တစ်ရွာတည်းနေ မလဲ့လဲ့ဝင်း၊ ၃၈ နှစ်၊ မဇာဇာအောင်၊ ၁၉ နှစ်၊ ဆန်းလင်းထွေး၊ ၂၇ နှစ်၊
မသင်း၊ ၃၉ နှစ်၊ မစန်းစန်း၊ ၄၀ နှစ်၊ မမြတ်မြတ်မော်၊ ၂၄ နှစ်၊ မနိုင်၊ ၃၇ နှစ်၊ မခင်မာကြည်၊
၄၃ နှစ်၊ မသီတာနွယ်၊ ၃၁ နှစ်၊ မသန်းသန်းမော်၊
၃၂ နှစ်၊ မင်းဘူးမြို့၊ အမှတ်(၁)ကျောင်းရွာရပ်ကွက်နေ ကိုသက်၊ ၃၅ နှစ် တို့အား Bingo
လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး Bingo လောင်းကစား ပြုလုပ်ရာတွင်အသုံးပြုသည့်
ဆက်စပ်ပစ္စည်းများနှင့်ငွေစက္ကူရောရာ(၂၅၇၃၅၀)ကျပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်သန်းနွဲ့ပါ(၁၂)ဦးအား
မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း(ပ)၁၅၀/ ၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:
Post a Comment