မကွေး၊
ဒီဇင်ဘာလ ၇ ရက်
၂၀၁၈ ခုနှစ်၊
ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ မှ ၉ နာရီခွဲခန့်ထိ တောင်တွင်းကြီးမြို့နယ်၊
ရွှေကြာအင်း (၂)ရပ်ကွက်၊ မကွေး-တောင်တွင်းကြီးကားလမ်းဘေး ၀ဲယာတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြု မြို့သန့်ရှင်း သာယာ လှပရေးအတွက်
မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်မောင်ညို ဦးစီး တပ်ဖွဲ့ဝင် များ၊
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း
အင်အား(၂၅၀)ဦးခန့် ပါဝင်ဆောင် ရွက်ခဲ့ပါသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး
ဦးစီးသောအဖွဲ့သည် ပြည်သူ့အကျိုးပြုမြို့သန့်ရှင်းသာယယာလှပရေးအတွက်
မကွေး -တောင်တွင်းကားလမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ၊ ခြုံနွယ်များအား
ခုတ်ထွင်ရှင်းလင်း ခြင်း၊ သယ် ယူခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။
0 comments:
Post a Comment