မကွေး၊
ဒီဇင်ဘာလ ၆ ရက်
၂၀၁၈ ခုနှစ်၊
ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည် ၁ နာရီခွဲမှ ညနေ ၄ နာရီခွဲခန့်အထိ တောင်တွင်းကြီး မြို့နယ်၊
အုန်းတော(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၃) အခြေခံပညာ
အလယ်တန်းကျောင်း ပညာဗိမ္မာန်ခန်းမဆောင်၌ လူကုန်းကူးမှုတားဆီး ကာကွယ်ရေးနှင့်သက်ငယ် မုဒိမ်းမှုပပျောက်ရေးအတွက်
အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်မောင်ညို၊ မြို့မရဲစခန်းမှူး ဒုရဲမှူး
သိန်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးသောင်းထွဋ်၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဌာနမှ ဒေါ်ချိုမီအောင်၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်း၊
အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်နီလာစိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နန္ဒာအေး၊
ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား (၇၆၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်
မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်မှာစကားပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မှ
မုဒိမ်းမှုဖြစ်စဉ်များဖြစ်ပွားရသည့် အကြောင်းအရင်းများမဖြစ်ပွားစေရေး
သတိပြုရှောင်ကြည်ရမည့် အချက် များအား Projector ဖြင့် အကျယ်တ၀ံ့ချပြရှင်းလင်းခြင်း၊
မြို့မရဲစခန်းမှူးမှ မူးယစ်ဆေးဝါး အမျိုးအစား၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏
ဆိုးကျိုးများအား Projector ဖြင့်ချပြရှင်းလင်းခြင်း၊ ဒုမြို့နယ် ဥပဒေအရာရှိမှ
သက်ငယ်မုဒိမ်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မြို့နယ်ပြန်ကြားရေး နှင့်
ပြည်သူ့ ဆက်ဆံရေးဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည်များကို
ပညာပေးပြောကြားခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌမှ
လူကုန်ကူးနှင့်ပတ်သက်သည့် ဗဟုသုတများ အသိ ပညာပေးပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးမှ
ကျေးဇူးတင်စကား ပြောကြား ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment