Wednesday, August 31, 2016

မကွေး ၊ သြဂုတ်လ ၃၁ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ည ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် မကွေးမြို့၊ အောင်မေတ္တာ (က) ရပ် ကွက်နေ ဦးအောင်ဘုန်းမြင့်ကြည်ပါ ၄ ဦးအား တောင်တွင်းကြီးလမ်းနှင့် မြင်းကင်းလမ်းထောင့်တွင် အမည် မသိ လူငယ် (၇) ဦးတို့မှ တုတ်ဓါးလက်နက်ကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီး ဖြင့်ရောက်ရှိလာ ကာ ခြောက် လှန့်ငွေတောင်းယူမှုဖြစ်ပွားပြီး အဆိုပါ ဖြစ်စဉ်အား သြဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန်တွင် ဦးအောင်ဘုန်းမြင့်ကြည်မှ မကွေးမြို့မရဲစခန်း သို့ လာရောက်တိုင်တန်းခဲ့သဖြင့် မကွေးမြို့မရဲစခန်း (ပ) ၁၇၄၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုမှ တရားခံများအားဖမ်းဆီးရမိရေးအတွက် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ရဲအုပ် သက်အောင်စိုးနှင့်အဖွဲ့၊ မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်အောင်နှင့်အဖွဲ့တို့မှ ပူးပေါင်း စုံစမ်းဖော် ထုတ်ခဲ့ရာ မျက်မြင်သက်သေတစ်ဦး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် မကွေးမြို့၊ ရွာသစ်ပွဲကြို ရပ်နေ ဥာဏ်လင်းအောင်(၂၃)နှစ်မှ ပါဝင်ကြောင်းသိရှိရ၍ ၎င်းအား မကွေး မြို့၊ ကားကြီးကွင်း အနောက် ဘက်ရှိ ဓူဝံကြယ် လေထိုးကျွတ်ဖာဆိုင်တွင် ရောက်ရှိနေစဉ် ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက် အရ ပြစ်မှုကျူးလွန်ရာ၌ တစ်ရပ်ကွက်တည်းနေ အောင်ဇေယျ (ခ) မိုးဒီ၊ ၁၉နှစ်၊ ချစ်ကို (၁၇)နှစ်၊ ဖြိုးဝေအောင် (၁၉)နှစ်၊ ချမ်းမြေ့သာယာ(၃)လမ်းနေ ဟိန်းထက်အောင် (၁၈)နှစ်၊ ရန်ကင်းရပ်နေ ခိုင်သက်အောင်(၁၈)နှစ်နှင့် တောင်တွင်းကြီးမြို့နယ်၊ အုတ်သျှစ်ကုန်း ကျေးရွာနေ ပျိုဝိုင်း (၂၁)နှစ်တို့ (၆) ဦးလည်းပါဝင်ကြောင်း သိရှိရ၍ သြဂုတ်လ ၃၁ ရက်နေ့တွင် တရားခံ(၇)ဦး အား သက်သေခံပစ္စည်း ဆိုင်ကယ် ၃ စီး၊ အရှည် ၁၈ လက်မခန့် စတီးပိုက် ၂ ချောင်း၊ အရိုးအသွား ၂၀ လက်မခန့်ရှိ ဓါးရှည် ၁ ချောင်း၊ အရိုးအသွား ၈ လက်မခွဲခန့်ရှိ စတီးခေါက်ဓါး ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိခဲ့သဖြင့် ရဲစခန်းသို့ အမှုလာရောက်တိုင်တန်းသည့်အချိန်မှ ၂၄ နာရီ အတွင်း တရားခံနှင့်သက်သေခံ ပစ္စည်းများအား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အမှုမှ တရားခံများအား ဆက်လက်စစ်ဆေးခဲ့ရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲ အချိန် တွင် မကွေးမြို့အထွက် တောင်တွင်းကြီးလမ်း၊ ဆည်မြောင်းထိန်းသိမ်းရေးရုံးအနီးတွင် သန်းထက်စိုးပါ ၃ ဦးအား ၀ိုင်းဝန်ဆဲဆိုရိုက်နှက်၍ ဆိုင်ကယ်အား ဖျက်ဆီးခဲ့သဖြင့် မကွေးနယ်မြေ ရဲစခန်း (ပ) ၁၅၉၁/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၂၉၄/၄၂၇/၁၁၄ အမှုအား ကျူးလွန်ခဲ့ သူများဖြစ်ကြောင်း ထပ်မံ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အခြားမှုခင်းဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိ/မရှိ ဆက်လက်စစ်ဆေး ဖော်ထုတ် လျှက် ရှိကြောင်း သတင်းရရှိသည်။ \
မကွေးမြို့မရဲစခန်း (ပ) ၁၇၄၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ အမှုမှ တရားခံ ဥာဏ်လင်းအောင်ပါ ၇ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် မှတ်တမ်းဓါတ်ပုံ

မကွေး ၊ သြဂုတ်လ ၃၁ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ် အချိန်တွင် သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်း အဝေး ခန်းမတွင် ၀န်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး ၊  လောင်းကစားမှု ကင်းစင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ချပြရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်မောင်အေး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲစခန်းမှူးများ၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဌာနစိတ်တာဝန်ခံများ စုစုပေါင်း အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင် (၈၅) ဦး တက်ရောက်ခဲ့ပြီး ရဲမှူးကြီး ကိုကိုအောင်မှ ၀န်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းများဆောင်ရွက်ရာ တွင် အများပြည်သူမှ အသိအမှတ်ပြုအောင်ဆောင်ရွက်ရန်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူးများမှ ကြပ်မတ်ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ညှိနှိုင်းပူပေါင်း ဆောင်ရွက်ရန်၊ လုံခြုံရေးအရ ရဲလုပ်ငန်းများဆောင်ရွက်ရာတွင် လုံလောက်သောအင်အားဖြင့် ဆောင်ရွက်ရန်တို့ကိုရှင်းလင်းမှာကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး/ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ Power Point ဖြင့် ဦး/ရေး/ထောက် ဆိုင်ရာများအား ရှင်းလင်း   တင်ပြခြင်း၊ ရဲမှူးကြီး ကိုကိုအောင်မှ လိုအပ်ချက်များကို ဖြည့်စွက်ညွန်ကြားခြင်း များ ဆောင်ရွက် ခဲ့ပြီး နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန် အခမ်းအနား အောင်မြင် စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
 
 



 

Monday, August 29, 2016

မကွေး သြဂုတ်လ ၂၉ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်မှ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်ထိ မကွေးမြို့ ၊ အောင်မင်္ဂလာရပ်ကွက်၊ အထက (၄) ကျောင်းဝန်းအတွင်းရှိ ပတ္တမြား ဆောင်ခန်းမတွင် မကွေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် မူးယစ် ဆေးဝါး ကင်းစင်ရေး၊ လူကုန်ကူးမှု ကင်းစင်ရေးနှင့် ယာဉ်/လမ်းစည်းကမ်းလိုက်နာရေး တို့အတွက် ရွေ့လျားစနစ် မှုခင်းအသိ ပညာပေးဟောပြောမှုပြုလုပ်ခဲ့ရာ အထက (၄) ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်နှင့် ဆရာ/မများ ၊ ကျောင်းသား/သူများ (၇၀၀) ဦးခန့်တက်ရောက်ကြည့်ရှုခဲ့ပြီး နယ်မြေခံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ မှုခင်းအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ ပြခန်းယာဉ်ပေါ်ရှိပိုစတာ၊ စာအုပ်စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ 





မကွေး သြဂုတ်လ ၂၉ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၉ နာရီခွဲအချိန်အထိ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ ရဲဇာနည်ခန်းမတွင် ဒုရဲအုပ်လောင်း သင်တန်း အမှတ်စဉ်(၇၅) မှ အလုပ်သင်နှင့် လုံခြုံရေးတပ်ဖွဲ့ခွဲများတွင် (၁)နှစ်တာဝန် ထမ်းဆောင်ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ သို့ ပြောင်းရွှေ့ရောက်ရှိလာသော ဒုရဲအုပ် (၂၈) ဦး အား ရဲလုပ်ငန်း များစနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် ရဲလုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၄/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးကြီး လှသန်းနှင့် အရာရှိတပ်ဖွဲ့ဝင်များ၊ နည်းပြအရာရှိများ၊ သင်တန်းသားများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းသားအရာရှိများအား သင်တန်းချိန်အတိုင်း သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။





Friday, August 26, 2016

မကွေး သြဂုတ်လ ၂၆ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး ၊ ချောက် မြို့နယ် အနောက်ဘက် ၂၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင် အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ တန်ခိုးကြီး ဘုရားစေ တီ ကြီးများ ထိခိုက်ပျက်စီးမှုနည်းသော်လည်း စေတီငယ်များ၊ အရံစေတီများ ပျက်စီးမှုရှိကာ သက်တမ်းကြာမြင့် သည့် အဆောက်အအုံဟောင်းအချို့ ကျိုးပဲ့အက်ကွဲခြင်းများဖြစ် ပေါ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့မှုများးအား မိမိတို့ မြို့နယ်များ အလိုက် သန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး စည်သူမောင် ဦးစီးသည့် ရဲတပ်ဖွဲ့ ၀င် အင်အား (၃+၂၅) ဦးတို့မှ အမှတ် (၆ ) ရပ်ကွက် ကုသိနာရုံတောင်ရှိ ဆုတောင်းပြည့်စေတီ အာရုံခံ တန်ဆောင်း မြင့်မိုရ်ပေါ်မှ ကွာကျနေသော အုတ်ချပ်များ၊ လောင်တိုက် တော်အဆောင်တွင်း ပြုတ် ကျနေသော သစ်သားတန်းများအား ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ ရဲအုပ် အောင်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ သည် ကျောင်းတော်ရာဘုရားဝန်းအတွင်းရှိ ပြုတ်ကျနေသည့် ပန်းဆွဲနှင့် အုတ်ကျိုး အုတ်ပဲ့များအား လည်းကောင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ ရဲအုပ် မြင့်ဆန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ သည် ခလရ(၂၅၃) တပ်ရင်းမှူး ဦးစီးသည့် တပ်မတော်သားများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ၀င်များနှင့် အတူ မြောက်ချောင်းဖြူကျေးရွာရှိ ဖောင်တော်ဦးဘုရား၊ ကျောင်းကုန်း ကျေးရွာရှိ မဟာမုနိဘုရားဝန်းတို့တွင် စိန်ဖူးတော်မြေခမှုနှင့် စေတီတော်မှ ပြိုကျပျက်စီးခဲ့သည့် အုတ်ကျိုး၊ အုတ်ပဲ့များအား ဖယ်ရှားရှင်းလင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
 






Thursday, August 25, 2016

မကွေး သြဂုတ်လ ၂၅ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၀ နာရီအချိန်အထိ မကွေးမြို့၊ အောင်ရတနာ ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် နတ်မောက်လမ်းထောင့်ရှိ အထက (၃) ကျောင်းဝိုင်း အတွင်း၌ မကွေးတိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ Mobile Awareness Car အဖြစ် ပြင်ဆင်ဆောင်ရွက်ထား သည့် UD Counter GE-13 (၁၀) ဘီးယာဉ်အား ကျောင်းသား/သူ (၈၀၃) ဦး၊ ဆရာ/မ (၆၅) ဦး တို့အား ပညာပေးဟောပြော မှု ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူး ညွန့်ဝေ ဦးစီးသည့် မူးယစ်၊ ယာဉ်ထိန်း၊ လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များမှ တက်ရောက်လာသူများအား လူကုန်ကူးမှုနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှု၊ လူနေမှုဘ၀ဆုံးရှုံးမှု ဖြစ်ရခြင်းပြဿနာများ၊ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်/လမ်းစည်းကမ်း ဥပဒေတို့နှင့် ပတ်သက်၍ အသိ ပညာပေးခြင်းနှင့် မှုခင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေ ခဲ့ကြောင်းနှင့် တက်ရောက်လာသူများမှ မော်တော်ယာဉ်ပေါ်ရှိ ပိုစတာ၊ စာအုပ်စာစောင်နှင့် မှတ်တမ်း ဓါတ်ပုံများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

နောက်ရက်များတွင်လည်း အလားတူ လှည့်လည်အသိပညာပေးမှုအား မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြားမြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 




Saturday, August 20, 2016

မကွေး ၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ UD Counter GE-13 (၁၀) ဘီးယာဉ်အား လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှု၊ လူနေမှုဘ၀ ဆုံးရှုံးမှု ဖြစ် ရခြင်းပြဿနာများ၊ မှုခင်းအသိပညာပေးခြင်း စသည့် ပြခန်းများ ပြသသည့်ယာဉ်အဖြစ် ပြင်ဆင်ပြောင်း လဲပြီး ရွေ့လျား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။













Wednesday, August 17, 2016

မကွေး ၊ သြဂုတ်လ ၁၇ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ရှားတိုင်းကြီးကျေး ရွာနှင့် သာဝတ္ထိကျေးရွာအကြား သရက်-မင်းလှ ရထားလမ်းတွင် ရထားထရော်လီ ပေါ်မှ လူတစ်ဦးပြုတ်ကျ ဒဏ်ရာရရှိပြီး မင်းလှဆေးရုံ၌ ဆေးကုသစဉ်သေဆုံးသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်အား ဇောင်ချမ်းတောင်ရဲကင်းစခန်းမှူး ရဲအုပ်ခင်မောင်စိုးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ သရက်-မင်းလှရထားလမ်းပိုင်းအား သရက်မှ မင်းလှသို့ ဦးသန်းရွှေ ၊ မောင်းနှင်လာသည့် ရထားထရော်လီဖြင့် မင်းဘူးရထားဝန်းနေ (လမ်းဗိုလ်ကြီး၊ အငယ်တန်းအင်ဂျင် နီယာ- ၁ သံလမ်း)ဦးစန်းလွင်၊ ၅၄ နှစ်သည် ဦးသက်ထွေး (အငယ်တန်း အင်ဂျင်နီယာ-၁ လုပ်ငန်း)၊ ဦးကြူဝင်းနိုင် (သံလမ်းလုပ်သား)တို့နှင့်အတူ လိုက်လံစစ်ဆေးစဉ် ရှားတိုင်းကြီးကျေးရွာအနီး ရထား လမ်းပေါ်သို့ လှည်းလမ်းဖြတ်ကူးသည့်နေရာအရောက်တွင် ရထားလမ်းပေါ်တွင် တင်နေသော ကျောက်ခဲ အား ကြိတ်မိ၍ ရထားထရော်လီမှာတုန်ခါသွားပြီး ဦးစန်းလွင်မှာ ထရော်လီပေါ်မှပြုတ်ကျကာ ဦးခေါင်း ယာဘက်ကွဲအက်၊ ၀ဲတင်ပဆုံအထက်ပေါက်ပြဲ၊ ယာမျက်လုံးဘေး ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် မင်းလှပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွား၍ ၎င်းသေဆုံးခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဆင်ပေါင်ဝဲမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၆ အရ ရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
 
 
 

မကွေး ၊ သြဂုတ်လ ၁၇ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် တောင်တွင်းကြီး မြို့နယ်၊ အုန်းတော (၁)ရပ်ကွက်နေ ထွန်းထွန်းဦး(ခ) ကျောက်ဘီလူး၊ ၃၉နှစ်၏ နေအိမ်တွင် ချဲထီလောင်း ကစားပြုလုပ်နေကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁၈/၂၀၁၆)ဖြင့် ၀င်ရောက် ရှာဖွေခဲ့ကြောင်းသိရသည်။

၎င်းနေအိမ်တွင် ထွန်းထွန်းဦး(ခ) ကျောက်ဘီလူးနှင့်အတူ ချဲထီလောင်းကစားရန် ရောက်ရှိ နေသော တစ်ရပ်ကွက်တည်းနေ ဖိုးသံ(ခ)ဇော်မြင့်ထွန်း၊ ၃၅နှစ်အားတွေ့ရှိရပြီးနေအိမ်အပေါ်ထပ် စားပွဲခုံပေါ်မှ ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများနှင့်ငွေစက္ကူရောရာ ၁၁၅,၄၀၀ိ/-အား ရှာဖွေ သိမ်းဆည်းရမိသဖြင့် ချဲထီလောင်းကစားပြုလုပ်သူ ၎င်းတို့(၂)ဦးအား တောင်တွင်းကြီးမြို့မရဲစခန်း (ပ)၁၀၁၆/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေူးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။ 
 

Tuesday, August 16, 2016

မကွေး ၊ သြဂုတ်လ ၁၆ ရက် 

 ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်မှ ၁၁၀၀ အချိန်ထိ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်းမှ ရဲအုပ် အောင်နိုင်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ထနောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲဝန်းအတွင်းရှိ ရေကျပြီးနောက် တင်ကျန်နေသည့် ရွံ့နွံများအား ဖယ်ရှား ရှင်းလင်းခြင်း၊ ကျိုးကျနေသည့် သစ်ကိုင်းများအား ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။ 







မကွေး ၊ သြဂုတ်လ ၁၆ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီခွဲအချိန်ထိ ကုန်းဇောင်း နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဇေယျာဝင်းဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့မှ ရေဘေးရှောင်ပြည်သူများအတွက် လာရောက်လှူဒါန်းသည့် ဆန်အိတ်၊ ကုလားပဲ အိတ်၊ ဆီနှင့် ဆားစသည့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေရာတွင် ကူညီသယ်ဆောင်ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှ တညောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များသည် နံနက် ၈ နာရီအချိန်မှ ၁၀ နာရီ ၁၅ မိနစ်အချိန်ထိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့မှ ရေဘေးရှောင်ပြည်သူများအတွက် လာရောက်လှူဒါန်းသည့် ဆန်အိတ်၊ ကုလားပဲ အိတ်၊ ဆီနှင့် ဆားစသည့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေရာတွင် ကူညီသယ်ဆောင်ပေးခြင်း များ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။ 






မကွေး ၊ သြဂုတ်လ ၁၆ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် နတ်မောက်မြို့နယ်၊ ဈေးသာကျေးရွာတွင် မတ်ဖြစ်သူမှ မိဘပိုင်နေအိမ်တွင် လာရောက်နေထိုင်သည်ကို မကျေနပ်သဖြင့် မရီးဖြစ်သူနှင့်စကားများရာမှ ဓါးမဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
 ဈေးသာကျေးရွာနေ မျိုးဇော် (၃၉)နှစ်သည် တစ်ရွာ တည်းနေ စိုးလင်းနှင့်အတူ ဂွေးချို (အနောက်)ကျေးရွာမှ ရွာသို့ပြန်လာစဉ် ဇနီးဖြစ်သူ မအိအိအောင် (၃၄)နှစ် အား မိဘပိုင်နေအိမ် အောက်တွင် လာရောက်နေထိုင် သည်ကိုမကျေနပ်သဖြင့် တစ်ယောက် တစ်ခွန်း စကားများကြရာ ဘိုဌေး(ခ)ဌေးလွင် ၃၃ နှစ်မှ ဓါးမဖြင့်ခုတ် သတ်သဖြင့် ဇနီးဖြစ်သူမှာ မျက်နှာတွင် ပြတ်ရှ ဒဏ်ရာ ရရှိကာ နေရာတွင်သေဆုံး သွားကြောင်းပြောပြ သိရှိရ၍ ညီဖြစ်သူဘိုဌေးအား အရေးယူပေးရန် အစ်ကိုဖြစ်သူ မျိုးဇော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နတ်မောက်မြို့မရဲစခန်း (ပ) ၁၀၈၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင် ရွက်ထားကြောင်း သတင်းရရှိသည်။



Friday, August 12, 2016

မကွေး ၊ သြဂုတ်လ ၁၂ ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ဦး/ရေး/ထောက်လုပ်ငန်းထပ်ဆင့်ရှင်းလင်းပွဲ၊ ၀န်ဆောင်မှု ကိုရှေး ရှုသော ရဲလုပ်ငန်းစနစ်နှင့် တရားမ၀င်ချဲထီ၊ ၂ လုံးထီ၊ ဘောလုံးလောင်းကစား ပင်ရင်းနေရာများအား ထိရောက်စွာတားဆီးနှိမ်နင်းခြင်းဆိုင်ရာ ချပြရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲစခန်းမှူးများ၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဌာနစိတ်တာဝန်ခံများ စုစုပေါင်း အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင် (၄၅) ဦးတက်ရောက် ခဲ့ပြီး ရဲမှူးကြီး ကိုကိုအောင်မှ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအား ထိခိုက်စေမည့် မူးယစ်ဆေးဝါး ရောင်း ၀ယ်ဖောက် ကားမှုများ၊ လောင်းကစားမှုများပပျောက်စေရေးအတွက် လုပ်ငန်းစဉ်များချပြရှင်းလင်းခြင်း၊ ၀န်ဆောင်မှု ကိုရှေးရှုသော ရဲလုပ်ငန်းစနစ်အား ချပြရှင်းလင်းခြင်း၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး/မြို့နယ် ရဲတပ်ဖွဲ့မှူးတို့မှ ဦး/ရေး/ထောက်ဆိုင်ရာအချက်အလက်များအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ရဲမှူးကြီး ကိုကိုအောင် မှ လိုအပ်ချက်များကို ဖြည့်စွက်ညွန်ကြားခြင်း၊ တပ်ဖွဲ့ဝင်များအား ပြည်သူလူထုနှင့် ဆက်ဆံရာ တွင် ပြေပြစ်စွာပြောဆိုဆက်ဆံရန်နှင့် မူးယစ်ဆေးဝါး ၊ လောင်းကစားမှုများ၊ ကြို/ကာမှုများ တိုးမြှင့်ဖမ်းဆီး ရန် တို့ကို လမ်းညွှန်မှာကြားကာ နံနက် ၁၀ နာရီခွဲအချိန် အခမ်းအနား အောင်မြင်စွာပြီးဆုံး ခဲ့ကြောင်း သတင်းရရှိပါသည်။ 






Find Us on Facebook

Popular Posts

Video